ရှမ်းပြည်နယ်(တောင်ပိုင်း) သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃) ကျင်းပ

 

နေပြည်တော်   မေ    ၆
ရှမ်းပြည်နယ်       (တောင်ပိုင်း) သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းက အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာန ချုပ်     အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ   တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ နယ်မြေခံတပ်နယ်   အသီးသီးမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် အသီးသီးမှ ခရိုင်မှူးများ၊ စီမံခန့်ခွဲ ရေးအဖွဲ့ဝင်များ၊   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လင်းခေး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနမှ        ဒုတိယ ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့များ တက်ရောက်ကြသည်။
ဆွေးနွေးတင်ပြ
ဦးစွာ  တိုင်းမှူးက   အဖွင့် အမှာစကား  ပြောကြားသည်။ ထို့နောက်   ဌာနဆိုင်ရာတာဝန် ရှိသူများက သဘာဝဘေးအန္တရာယ် ကျရောက်ပါက ကူညီကယ်ဆယ် ရေး၊  ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး၊  ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ  လုပ်ငန်း များအတွက်   ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊      ကူညီ ကယ်ဆယ်ရေး    လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တိုင်းစစ် ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ် အလိုက် ပြင်ဆင်စုဖွဲ့ဆောင်ရွက် ထားရှိမှုနှင့်ပတ်သက်၍ သက်ဆိုင် ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြ ကြရာ တိုင်းမှူးက လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း     သတင်းရရှိ သည်။
သတင်းစဉ်