
နေပြည်တော် အောက်တိုဘာ ၉
နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၃၁၄၆ ဒသမ ၂၀၅ သန်းဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ကတ္တရာလမ်း ၄ မိုင်၊ ကျောက် ချောလမ်း ၈ မိုင်၊ အမာခံ ဗြုန်းကျောက်ခင်းခြင်း ၂၀ မိုင် ၆ ဖာလုံ၊ မြေသားလမ်း ၈ မိုင် ၄ ဖာလုံ၊ ၁၅ ပေ သံကူကွန်ကရစ်တံတားတစ်စင်း၊ Box Culvert ငါးစင်း၊ (၁၂၀ x ၃၀ x ၂၆) ပေ စာသင်ကျောင်းဆောင် တစ်ဆောင်၊ ဆိုလာမီးတပ်ဆင်ခြင်း ၄၁ စုံတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် များစွာ အကျိုးပြုလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်