ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ ငွေကျပ်သိန်း ၂၅၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်း ဖမ်းဆီးရမိ

 

နေပြည်တော် စက်တင်ဘာ ၂၇


ရှမ်းပြည်နယ်      (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင်    ငွေကျပ် သိန်း    ၂၅၀၀   ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ 

 


ဖြစ်စဉ်မှာ    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး     ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)      နောင်ချိုမြို့နယ် လားရှိုး - မန္တလေးသွားကားလမ်း အိုရီယမ်တယ်တိုးဂိတ်အနီးတွင် လားရှိုးမှ         နောင်ချိုဘက်သို့ မင်းနိုင်    မောင်းနှင်လာသည့် Nissan UD   ၁၂  ဘီး  မော်တော် ယာဉ်ကို   သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ  ဒေသကာလတန်ဖိုး ငွေကျပ်သိန်း    ၂၅၀၀   ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းနှင့်             စိတ်ကြွရူးသွပ် ဆေးပြား       ထုတ်လုပ်ရာတွင် အသုံးပြုသည့်       အနံ့ဆေးရည် ၅၉ ဒသမ ၇ လီတာ၊ အရောင်မှုန့် ၁၃၂ ဒသမ ၂  ကီလို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၃   နာရီခွဲတွင်   နောင်ချိုမြို့နယ် ကျောက်ကြမ်း ကျေးရွာအနီး လားရှိုး - မန္တလေးသွား ကားလမ်း ဘေးတွင် စိတ်ကြွရူးသွပ်ဆေးပြား များ သယ်ဆောင်ရာ၌ ပူးပေါင်း ပါဝင်သူ ရဲမင်းနိုင်အား ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း၊    စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်း ရမိ      စိတ်ကြွရူးသွပ်ဆေးပြား များအား         ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မန္တလေးတိုင်း ဒေသကြီးသို့  သယ်ဆောင်ခြင်း ဖြစ်ကြောင်း      သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူ ထားရှိပြီး       ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက် စစ်ဆေး        ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

သတင်းစဉ်