
ကျိုင်းတုံ နိုဝင်ဘာ ၄
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ မြို့သို့ ဆီနိုဗက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၄၈၀၈ လုံးကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေးခဲ့ရာ နိုဝင်ဘာ ၃ ရက် နံနက် ၁၁ နာရီက ရောက်ရှိသည်။
တပ်မတော် လေယာဉ်ဖြင့် ပေးပို့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများနှင့် အတူ ဆေးထိုးအပ်များနှင့် RDT Testkit များ ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ရာ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ် ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော် နှင့် တာဝန်ရှိသူများက ကြိုဆို လက်ခံကြသည်။
ဖြန့်ဝေပေးသွားမည်
အဆိုပါ ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၄၈၀၈ လုံးသည် တစ်လုံးလျှင် နှစ်ဦး ထိုးနှံပေးနိုင် သည့်အတွက် လူဦးရေ ၉၆၁၆ ဦး စာအတွက် ရှမ်းပြည်နယ် အရှေ့ ပိုင်းရှိ မြို့နယ်များအလိုက် ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်လက် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)