ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းအစည်းအဝေးပြုလုပ်

 

နေပြည်တော် အောက်တိုဘာ  ၂၈


ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း  ဆောင်ရွက်နေသည့်   ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းအစည်းအဝေးကို ယနေ့တွင် ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရှမ်းအရှေ့)ရုံး၌ ပြုလုပ်ရာ  တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အစည်းအဝေးတွင်   တက်ရောက် လာကြသူများက ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်