ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၃၆၀၀ ကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၆ ကီလို ဖမ်းဆီးရမိ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၈ 


ရှမ်းပြည်နယ်(အရှေ့ပိုင်း)    တာချီလိတ် မြို့နယ်တွင်   ငွေကျပ်သိန်း  ၃၆၀၀  ကျော် တန်ဖိုးရှိ       အိုက်စ်(မက်သ်အဖက်တမင်း) ၄၆ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

 


မူးယစ်ဆေးဝါး      တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်  ဖေဖော်ဝါရီ ၆ ရက် ည ၁၁ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံ-ယန်းခေါင်-မိုင်းဟဲကျေးရွာသွားလမ်းတွင် မိုင်းဟဲဘက်မှ လွယ်စီတုံဘက်သို့ စိုင်းဆိုင်နွန်း မောင်းနှင်ပြီး စိုင်းလုံသန်း      လိုက်ပါလာသည့်      Lexus  မော်တော်ယာဉ်ကို   သတင်းအရ   ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၆၀၀ ကျော်တန်ဖိုးရှိ  အိုက်စ်(မက်သ်အဖက် တမင်း) ၄၆ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ  အိုက်စ်(မက်သ်အဖက်တမင်း)    များအား ကျိုင်းတုံမြို့နယ်မှ      တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း  သိရှိရသဖြင့် ၎င်းတို့အား   ဥပဒေအရ  အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု      ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း  သိရသည်။ 


သတင်းစဉ်