ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်း ၉၂၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

 

နေပြည်တော်  ဇန်နဝါရီ  ၂၀


ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၌  ငွေကျပ်သိန်း ၉၂၀၀ ကျော်တန်ဖိုးရှိ   စိတ်ပြောင်းဆေးဝါးများနှင့်   ဆက်စပ် ပစ္စည်းများ   ဖမ်းဆီးရမိခဲ့ကြောင်း    မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


ဥပဒေအရအရေးယူထား


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင် များ  ပါဝင်သော ပူးပေါင်းအဖွဲ့သည်   ဇန်နဝါရီ ၁၇  ရက် ည ၈ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)   တာချီလိတ်မြို့နယ်   ဝိန်းကျောက်ရပ်ကွက်ရှိ ကားဂိတ်တွင်  သတင်းအရ  စောင့်ဆိုင်း နေစဉ်    ဆိုင်ကယ်ဖြင့် ရောက်ရှိလာသူ  ဖရော်မိုင်(ခ)အားသို နှင့် ဇဒေါင်တို့နှစ်ဦးကို  စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၁၉၇၀  သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ ည ၉ နာရီတွင် တာချီလိတ်မြို့ ရန်အောင် မြေရပ်ကွက် ပါလျှံ(၂)လမ်းရှိ ကျိန်ရှန်မို(ခ)  အားမှုံ၏ နေအိမ် ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ  စိတ်ပြောင်းဆေးဝါး များဖြစ်သည့်  အက်တက်စီဆေးပြား ၂၅၄၀ ၊   အက်တက်စီ ဆေးပြားအကြေ  ဂရမ် ၆၀၀ ၊    ကက်တမင်း ၁ ကီလို၊ Happy Water အမှုန့်  ၆ ဒသမ ၆ ကီလို အပါအဝင် ဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့၍   စုစုပေါင်း  ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၉၂၀၀  ကျော်တန်ဖိုးရှိ အက်တက်စီ ဆေးပြား ၄၅၁၀၊ အက်တက်စီဆေးပြားအကြေ ဂရမ် ၆၀၀၊ ကက်တမင်း ၁ ကီလို၊ Happy Water အမှုန့် ၆ ဒသမ ၆ ကီလို အပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းတို့သုံးဦးကို ဥပဒေအရ   အရေးယူထားရှိပြီး    ကွင်းဆက်ပြစ်မှုကျူးလွန် သူများကို   ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။      

         
သတင်းစဉ်