ရှမ်းပြည်နယ်အစိုးရအဖွဲ့က မိုင်းယန်းပြည်သူ့ဆေးရုံသို့ ထောက်ပံ့ပေးအပ်သော မီးစက်နှင့် ဆက်စပ်ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

 

မိုင်းယန်း  ဖေဖော်ဝါရီ  ၂၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)  မိုင်းယန်းမြို့ ပြည်သူ့ဆေးရုံတွင် ခွဲစိတ်ခန်း အသုံးပြုရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သော 11 KW   မီးစက်နှင့်   ဆက်စပ်ပစ္စည်းများ    လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌  ကျင်းပသည်။

 


အခမ်းအနားတွင်  မိုင်းယန်းခရိုင်   စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က မီးစက်လှူဒါန်းခြင်းအတွက် အမှာ စကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သော DG 15LDE Diesel အမျိုးအစား 11 KW  မီးစက်နှင့်  ဆက်စပ်ပစ္စည်းများ အား   ရှမ်းပြည်နယ်အစိုးရအဖွဲ့  (ကိုယ်စား)   မြို့နယ်ကုသရေးနှင့်    ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး   ဒေါက်တာ   ဦးဘထံ  လွှဲပြောင်း ပေးအပ်သည်။

 


ထို့နောက် မြို့နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။           

ခွန်ရဲထွေး(ဆီဆိုင်)