တောင်ကြီး ဇွန် ၁၅
၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်လက်ရွေးစင် ဘော်လီဘောအသင်း အား အောင်နိုင်ရေးအလံပေးအပ်ခြင်းကို ဇွန် ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲ က တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ရှမ်းပြည်နယ် ဘော်လီဘော အားကစားနည်း သည် အစဉ်အလာရှိသည့် အားကစားနည်းဖြစ်ပြီး အမျိုး သား ဘော်လီဘောအသင်းသည် ပြည်နယ်နှင့် တိုင်းဒေသကြီး ပြိုင်ပွဲတွင် ချန်ပီယံဆုဖလားကြီး ကို အကြိမ်ကြိမ်ရရှိခဲ့သည့် အသင်းဖြစ်သော်လည်း ၂၀၁၉ ခုနှစ် ရှမ်းပြည်နယ်တွင် လက်ခံ ကျင်းပသော ပြိုင်ပွဲတွင် အမျိုး သား၊ အမျိုးသမီး နှစ်သင်းလုံး ဒုတိယအဖြစ်နှင့်သာ နှစ်သိမ့်ခဲ့ ရပြီး ယခုနှစ် အိမ်ရှင်အဖြစ် တတိယအကြိမ် ကျင်းပမည့် ပြိုင်ပွဲတွင် အကောင်းဆုံးကြိုးစား ကစားကြရင်း ဒိုင်းဆုကြီး ရအောင် ကြိုးပမ်းကစားကြမည် ဟု ယုံကြည်ပါကြောင်း၊ ရှမ်း ပြည်နယ် ဘော်လီဘောအသင်း အနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြရန် အသင်း၏ တာဝန်ရှိ အုပ်ချုပ်သူနည်းပြများ နှင့် ကစားသမားများအားလုံးကို မှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ထောက်ပံ့ငွေ များ ပေးအပ်ရာ ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ် လက်ရွေးစင် ဘော်လီဘော အသင်းအား ထောက်ပံ့ငွေကျပ် ၁၅၁၁၆၀၀၀ ပေးအပ်ရာ အသင်း နည်းပြ အုပ်ချုပ်သူများက လက်ခံ ယူပြီး ပြည်နယ် ဘော်လီဘော အသင်းနည်းပြချုပ် ဦးဌေးအောင် က ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မည့်အခြေအနေများနှင့် ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်က ရှမ်းပြည်နယ် ဘော်လီ ဘော လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ရာ အသင်း နည်းပြအုပ်ချုပ်သူများ က လက်ခံယူပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ က ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင် ကြမည့် ရှမ်းပြည်နယ်လက်ရွေး စင် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော အားကစားသမား များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)



