ရမည်းသင်းမြို့နယ်တွင် ငရုတ်စိုက်ဧက ၆၀ စိုက်ပျိုးပြီး  ထွက်ရှိလာသည့် ငရုတ်များကို အခြောက်ခံစက်များ အသုံးပြု၍ မှိုဆိပ်ပါဝင်မှုကို လျှော့ချသွားမည်


 

 

ရမည်းသင်း အောက်တိုဘာ ၁၁


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရမည်းသင်း မြို့နယ်တွင် Food  Safety Project အစီအစဉ်ဖြင့်  ငရုတ်စိုက်ဧက ၆၀ စိုက်ပျိုးထားရှိပြီး ထွက်ရှိလာ သည့်  ငရုတ်များကို  အခြောက်ခံစက်များ အသုံးပြု ၍  မှိုဆိပ်ပါဝင်မှုကို  လျှော့ချသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် စိုက်ပျိုး‌ ရေးဦးစီးဌာနရုံးမှ  ဒုတိယဦးစီးမှူး   ဦးသန်းဝင်းက ပြောကြားသည်။ 
အဆိုပါ   စီမံချက်ဖြင့်   ငရုတ်များစိုက်ပျိုးကာ စားသုံးသူဘေးကင်းလုံခြုံပြီး အန္တရာယ်ကင်းသည့် အစားအသောက်များ စားသုံးနိုင်ရန်အတွက် ငရုတ် စိုက်ပျိုးထွက်ရှိသည့် ဒေသများတွင် GAP စနစ်နှင့် အညီ   စိုက်ပျိုးထားရှိကြောင်း၊   ထိုစိုက်ခင်းများမှ စိုက်ပျိုးပြီး ထွက်ရှိလာမည့် ငရုတ်သီးအမှည့် အစို များကို Solar Dryer စက်တစ်လုံးနှင့်  Mobile Gas Dryer  စက်နှစ်လုံးတို့ကို   အသုံးပြုပြီး   အချိန်တို အတွင်း အခြောက်ခံသည့်စနစ်ဖြင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် အရည်အသွေး ကောင်း   ငရုတ်များရရှိသည့်အပြင်   မှိုဆိပ်ပါဝင်မှု ကိုလည်း လျှော့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 
“ရမည်းသင်းမြို့နယ်က ရာသီဥတုအရ ငရုတ် သီးနှံ စိုက်ပျိုးဖြစ်ထွန်းတဲ့ ဒေသဖြစ်တယ်။ တောင်သူ တွေအနေနဲ့ကလည်း   နှစ်စဉ် စိုက်ပျိုးကြပါတယ်။ ငရုတ်ကတော့ စတင်ပေါ်ထွက်နေပါပြီ။ ငရုတ်စိုက် ရာသီမှာ မိုးနည်းနည်းနောက်ကျခဲ့တော့ ထွက်ရှိချိန် လည်း နောက်ကျနေတာပါ။ ခုအောက်တိုဘာလကုန် ရင်တော့ ငရုတ်ကလှိုင်လှိုင်ပေါ် ထွက်ရှိလာတော့ မှာပါ။                     
ထွက်ရှိလာတဲ့ ငရုတ်သီးတွေကိုတော့ အခြောက်ခံစက်တွေနဲ့   ဆောင်ရွက်သွားမှာပါ။  မှိုဆိပ်ပါဝင်မှုကိုလည်း လျှော့ချမှာပါ။  တောင်သူတွေအနေနဲ့ ငရုတ် လှိုင်လှိုင်ပေါ်လို့     လှန်းတယ်ဆိုရင်   မိုးရွာပါက ရုပ်လိုက်သိမ်းလိုက်လုပ်ရင်  အရည်အသွေးကျဆင်း ပါတယ်။ မှိုဆိပ်တွေလည်း ဝင်နိုင်ပါတယ်” ဟု ၎င်းက ရှင်းပြ သည်။ 
အဆိုပါ     စိုက်ခင်းများမှ     ထွက်ရှိလာသည့် ငရုတ်သီး များကို         အခြောက်ခံစက်များဖြင့် လုပ်ဆောင်သည့်အတွက်     အချိန်တိုအတွင်း ငရုတ်များ ခြောက်သွေ့ကာ  မှိုဆိပ်များလည်း မဝင်နိုင်ကြောင်း၊    ထို့ပြင်    အရည်အသွေးကောင်းကာ  ဘေးအန္တရာယ်ကင်းရှင်းသည့် ငရုတ်သီးများ    ရရှိမည်ဖြစ်ပြီး လုပ်အားခများလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊     ယင်း အခြောက်ခံစက်များနှင့် ဆောင်ရွက်သည့်အခါ၌ ကြားကာလ များတွင် ပြုပြင်စရာမလိုဘဲ ဖြန့်ပြီးထည့်လိုက်သည့်အတွက်      ငရုတ်သီးများခြောက်ပါကဝင်ရောက်ပြီး    အဆင်သင့်ရုပ်သိမ်း၍ ရကြောင်း၊    အားသာချက်အနေဖြင့်   အညှာကြွေခြင်း၊  အရည် အသွေးပိုင်းများ ပျက်စီးခြင်းမရှိဘဲ ငရုတ်သီးများ အရောင် လှကာ  ဈေးကောင်းများလည်းရရှိကြကြောင်း   သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)