ရမည်းသင်းမြို့နယ်၌ ငရုတ်ဧက ၆၀ စိုက်ပျိုးပြီး ထွက်ရှိလာသည့် ငရုတ်များကို အခြောက်ခံစက်များအသုံးပြု၍ မှိုဆိပ်ပါဝင်မှု လျှော့ချသွားမည်

ရမည်းသင်း    အောက်တိုဘာ    ၁၁


မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ Food Safety Project အစီအစဉ်ဖြင့် ငရုတ်စိုက်ဧက ၆၀ စိုက်ပျိုးထားရှိပြီး ထွက်ရှိလာသည့် ငရုတ်များကို အခြောက်ခံစက်များအသုံးပြု၍ မှိုဆိပ်ပါဝင်မှု လျှော့ချ သွားမည်ဖြစ်ကြောင်း   မန္တလေးတိုင်းဒေသကြီး   ရမည်းသင်းမြို့နယ်  စိုက်ပျိုး‌ရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဦးသန်းဝင်းက ပြောသည်။ 


အဆိုပါစီမံချက်ဖြင့် ငရုတ်များစိုက်ပျိုးကာ စားသုံးသူဘေးကင်း လုံခြုံပြီး  အန္တရာယ်ကင်းသည့်  အစားအသောက်များ  စားသုံးနိုင်ရန် အတွက် ငရုတ်စိုက်ပျိုးထွက်ရှိသည့် ဒေသများတွင် GAP စနစ်နှင့်အညီ စိုက်ပျိုးထားရှိကြောင်း၊                


၎င်းတို့သည် ကလေးသူငယ်များ၏ အခွင့် အရေးများကို   ရိုက်ချိုးနေခြင်းသာဖြစ်ပြီး အနာဂတ်သာယာလှပရေးကိုပါ  ဖျက်ဆီး နေခြင်းဖြစ်ပေသည်။ ထိုသို့ကလေးသူငယ် များ၏   အခွင့်အရေးများကို    တားဆီး ပိတ်ပင်ဟန့်တားနေပြီး   ကလေးသူငယ် များ၏  အနာဂတ်သာယာလှပရေးကို ဖျက်ဆီးနေသူများအား      မူလကျူးလွန် သည့်ပြစ်မှုများအပြင်   ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ   ဥပဒေပြဋ္ဌာန်း ချက်များအရပါ   တရားစွဲဆို၍   ထိထိ ရောက်ရောက်       ဟန့်တားစေသည့် ပြစ်ဒဏ်များ ချမှတ်သင့်၏။   ကလေး သူငယ်များ၏  အတွေ့အကြုံနည်းပါး ခြင်းနှင့် အမှားအမှန်  ဝေဖန်ပိုင်းခြားနိုင်မှု နည်းပါးခြင်းတို့ကို    အခွင့်ကောင်းယူ ပြီး နိုင်ငံရေးအမြတ်ထုတ်လိုသူများကို လည်း ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သင့်ပေသည်။ 


တိုင်းပြည်၏အနာဂတ်အတွက်       ကြီးမားသောအန္တရာယ်

ဆရာအောင်သင်း၏  “ဘဝဆိုတာ အချိန်တွေနှင့်ဖွဲ့စည်းထားတာ၊ အချိန်ကို တန်ဖိုးရှိအောင်အသုံးချမှ တန်ဖိုးရှိတဲ့ဘဝ ဖြစ်လာနိုင်တယ်’’ဆိုသည့် စာစကားအရ ယနေ့လူငယ်များ၏    တန်ဖိုးရှိသော အချိန်၊   တန်ဖိုးရှိသောဘဝကို   နိုင်ငံရေး သမားတို့က  ဖျက်ဆီးခဲ့ကြ၏။ တိုင်းပြည် ၏အနာဂတ်အတွက်       ကြီးမားသော အန္တရာယ်ပင်ဖြစ်၏။     လမ်းမှန်ရောက် အောင် မိဘ၊ ဆရာသမား၊  မိတ်ကောင်း၊ ဆွေကောင်းတို့ ကူညီလမ်းညွှန်သွန်သင် မှုနှင့်ပင် ရှေ့ဆက်သွားရပေမည်။ အသက် အရွယ်ငယ်ရွယ်ပြီး   ယိမ်းယိုင်တတ်သည့် လူငယ်များ  လမ်းကြောင်းမှန်ရောက်ရန် ထိန်းကျောင်းပေးရပေမည်။    ရုပ်ဝတ္ထု မြှူဆွယ်မှုနှင့်     မှားယွင်းသောအတွေး အခေါ်တို့ကြောင့် လူငယ်များ၏ မူလရှိပြီး သော ဖြူစင်ရိုးဖြောင့်သည့်   ဗီဇများသည် မပျောက်ပျက်စေသင့်ပေ။ မှန်ကန်သော   အတွေးအခေါ်ရင့်သန်စေပြီး    အကျိုးရှိ အောင်  အသုံးချတတ်ရန် လိုအပ်မည်ဖြစ် ၏။   နိုင်ငံတော်အနေဖြင့်    လူငယ်များ၏ ကာယ၊   ဉာဏ၊   စာရိတ္တ   ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက်        စီမံကိန်းများ  ချမှတ်ဆောင်ရွက်လျက်ရှိနေသည်။ 


‘‘စာသင်ခန်းအစ လူငယ်တို့၏ဘဝ’’ ဟူသောစကားအတိုင်း     ကျောင်းသား လူငယ် ပထမအရွယ်ကပင်စ၍    ကိုယ်၊ နှုတ်၊ နှလုံး သုံးပါး ကောင်းမွန်ရေးဖြစ်သည့် ကိုယ်ကျင့်တရား    ကောင်းမွန်ရေးကို ပတ်ဝန်းကျင်က လေ့ကျင့်ပေး၍ ကိုယ်တိုင် ကျင့်ကြံနေရပေမည်။ ကိုယ်ကျင့်တရား များ ကောင်းမွန်လာမှသာ ဟုတ်သော အကြံ၊ မှန်သောအကျင့်၊ သင့် သောအယူ၊ ဖြူသောနှလုံး၊ သူတော်ထုံးကို၊    လက်ဝယ် ခိုင်ခိုင်    ကိုင်ဆောင်နိုင်ပြီး  မည်သို့သော အသုံးချခံမှုမျိုးမှ ကင်းဝေးမည်ဖြစ်၏။ 

အချုပ်အားဖြင့်ဆိုရသော် လိမ်လည် လှည့်စားသူ၊ လှည့်ဖြားသူတို့က မိမိ လိုချင်ရာအတွက် ရနိုင်သမျှနည်းလမ်း ဖြင့်   အတ္တကိုယ်ကျိုးအတွက် လုပ်ကြ မည်သာဖြစ်၏။   ယနေ့မြန်မာနိုင်ငံ အတွင်း အကြမ်းဖက်မှုလုပ်ငန်းများတွင် လူငယ်များ ပါဝင်ပတ်သက်မှုမရှိစေရေး  နေ့စဉ် လူမှုဘဝများတွင်  လောဘနှင့်   ဆန္ဒကို သတိ၊ ပညာတို့ဖြင့် ချွန်းအုပ်ကာ နိုင်ငံရေးသမားများ၏      အသုံးချမှု အန္တရာယ်မှ  ရှောင်ရှားကာကွယ်နိုင် မည်ဟု ယုံကြည်မျှော်လင့်မိပါ၏။    သို့မှ သာ တိုင်းပြည်၏         အနာဂတ်သည်လည်း အလှပန်းဝေစုံစွာဖြင့် သာယာတင့်တယ် နေပေလိမ့်မည်ဖြစ်တော့၏။    ။