စစ်တွေ ဇူလိုင် ၂၇
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ကာယဗလမောင် ပြိုင်ပွဲကို ကျင်းပရာ ၆၀ ကီလို တန်း၊ ၆၅ ကီလိုတန်း၊ ၇၀ ကီလို တန်း၊ ၇၅ ကီလိုတန်းနှင့် ၇၅ ကီလိုတန်းအထက် အားကစား သမားများ ဝင်ရောက်ယှဉ်ပြိုင်ကြ သည်။ ဆက်လက်၍ Man Sport Physique အားကစားသမားများ၊ မယ်ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် ၅ ပေ ၃ လက်မအောက်နှင့် ၅ ပေ ၃ လက်မအထက် မယ်များ၊ Fitness Physique ပြိုင်ပွဲဝင် မယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြ သည်။
ထို့နောက် ဆုပေးပွဲအခမ်း အနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ၆၀ ကီလိုတန်းတွင် ပထမ၊ ဒုတိယ နှင့် တတိယဆုရရှိကြသော ကာယ ဗလမောင်များကို လည်းကောင်း၊ ပြည်နယ် လူမှုရေးရာဝန်ကြီးက ၆၅ ကီလိုတန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကာယဗလမောင်များကို လည်း ကောင်း၊ ပြည်နယ်သယံဇာတ ရေးရာဝန်ကြီးက ၇၀ ကီလိုတန်း တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော ကာယဗလမောင်များ ကိုလည်းကောင်း၊ ပြည်နယ် စီးပွားရေးရာဝန်ကြီးက ၇၅ ကီလို တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကာယဗလမောင်များ ကိုလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ၇၅ ကီလိုတန်းအထက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိ သော ကာယဗလမောင်များကို လည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က Man Sport Physique ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိ သော ကာယဗလမောင်များ ကို ဆုများ ပေးအပ်ချီးမြှင့် သည်။
ယင်းနောက် ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်က ကာယကြံ့ခိုင်မှုမယ် ၅ ပေ ၃ လက်မအောက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော မယ်များကို လည်းကောင်း၊ စစ်တွေတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်က ၅ ပေ ၃ လက်မ အထက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော မယ်များကို လည်းကောင်း၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌက Fitness Physique ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိ သော ပြိုင်ပွဲဝင်မယ်များကိုလည်း ကောင်း ဆုများချီးမြှင့်ကြသည်။
အဆိုပါပြိုင်ပွဲများတွင် ပထမ ဆုရရှိသော ပြိုင်ပွဲဝင်များကို ဆုတံဆိပ်နှင့် ငွေသားဆု ၁၅၀၀၀၀၊ ဒုတိယဆုရရှိသော ပြိုင်ပွဲဝင် များကို ဆုတံဆိပ်နှင့် ငွေသားဆု ၁၀၀၀၀၀ နှင့် တတိယဆုရရှိ သော ပြိုင်ပွဲဝင်များကို ဆုတံဆိပ် နှင့် ငွေသားဆု ၇၀၀၀၀ စီ ချီးမြှင့် ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)



