ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သံတွဲမြို့ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

 

စစ်တွေ      ဩဂုတ်  ၃ 
ရခိုင်ပြည်နယ်        သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ       ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊  မြို့နယ်အဆင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက သံတွဲမြို့  ရေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကား  ပြောကြား ပြီး  ထောက်ပံ့ပစ္စည်းများပေးအပ်ကာ   သံတွဲခရိုင် အတွင်း    စိုက်ပျိုးရေးလုပ်ငန်းများ   ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး   ကွင်းဆင်းကြည့်ရှုစစ်ဆေးကြ သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲ မြို့  သီရိမင်္ဂလာမြို့ဦးကျောင်း၌   ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် သံတွဲမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သီရိမင်္ဂလာမြို့ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ   ဘဒ္ဒန္တရေဝတထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော    ဧည့်ပရိသတ် များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ က သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့်  လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊   မဟာဗောဓိစာသင်တိုက် ဆရာတော်  အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ကလျာဏ  အရှင်သူမြတ်ထံမှ  အနုမောဒနာတရား နာကြားပြီး  လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထောက်ပံ့ပစ္စည်းများ ပေးအပ်
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့ ဆုတောင်းပြည့်ဘုရားကြီးတိုက်ကျောင်း ဓမ္မာရုံ၌ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံပြီး အားပေး စကားပြောကြားကာ  ထောက်ပံ့ငွေနှင့်  ထောက်ပံ့ ပစ္စည်းများ ပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည်    ဒွါရာဝတီတံတားပေါ်မှ သံတွဲချောင်းရေကြီးရေလျှံမှု   ဖြစ်ပေါ်နေခြင်းအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး နှင့်   တာဝန်ရှိသူများက   ရေကြီးရေလျှံမှုဖြစ်ပေါ် ရခြင်းနှင့် သံတွဲချောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရမည့်အစီအမံများကို   ရှင်းလင်းတင်ပြ ရာ   ပြည်နယ်ဝန်ကြီးချုပ်က    လိုအပ်သည်များ မှာကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်   အမှတ်(၄)ရပ်ကွက်   ရွှေဆံတော် တောင်ခြေဓမ္မာရုံ၌    ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံပြီး   ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ  အမှတ်(၁) ရပ်ကွက်နှင့်   အမှတ်(၇)ရပ်ကွက်တို့တွင် မြေနိမ့်ပိုင်းနေရာများ၌ ရေဝင်ရောက် နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ   မှာကြားသည်။     သံတွဲမြို့နယ် အတွင်း မိုးအဆက်မပြတ်  ရွာသွန်းမှုကြောင့် သံတွဲ ချောင်းရေသည် စိုးရိမ်ရေမှတ်ထက် မြင့်တက်လာ ခြင်းကြောင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့်ပြည်သူ များအား  ရေဘေးလွတ်ရာသို့   ပြောင်းရွှေ့နေရာ ချထားပြီး ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊  နယ်မြေခံတပ်မတော်သား များနှင့် သက်ဆိုင်ရာဌာနများက လိုအပ်သည့် ကူညီ ပံ့ပိုးပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 
ထို့နောက်   ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျိန္တလီမြို့  ရှောက်ကုန်းကျေးရွာ၌   အကျိုးဆောင် တောင်သူများဖြင့်   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကဆင်းသွယ်လတ်စပါး ၁၅ ဧက  မျိုးစေ့ထုတ်   စံပြ စိုက်ခင်းထွန်ယက်စိုက်ပျိုးနေမှုအား    သွားရောက် ကြည့်ရှုအားပေးကြပြီး တောင်သူများ၏ တင်ပြချက် များကို   တာဝန်ရှိသူများနှင့်  ပေါင်းစပ်ညှိနှိုင်းပေး ကာ  ကောက်စိုက်လုံမေများနှင့် တောင်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဂွမြို့နယ် ရဟိုင်ကွင်းကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာန က   ဘက်စုံအဆင့်မြင့်နည်းပညာသုံး    စံပြကျေးရွာ ဖော်ဆောင်ခြင်း  မိုးစပါးမျိုးစေ့ထုတ်နှင့်  အထွက်နှုန်း တိုးတက်ရေး စိုက်ပျိုးထုတ်လုပ်ခြင်း ကွင်းသရုပ်ပြပွဲ သို့ တက်ရောက်ကြသည်။
ကြည့်ရှုစစ်ဆေး 
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကောက်စိုက်စက် ဖြင့်  စိုက်ပျိုးရန်  မိုးစပါးများပျိုးထောင်ထားရှိမှုနှင့် ဒေသမျိုး အုန်းသီးနှံပျိုးထောင်ထားရှိမှု၊ ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရိပ်သာကမ်းထိန်း နံရံရေတိုက်စား၍ ပြိုကျပျက်စီးနေမှုအား ပြန်လည် ပြုပြင်ထိန်းသိမ်းနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေး ကြပြီး ဆောင်ရွက်မည့်အစီအမံများကို သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။ ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတစ်ခု တွင် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ထိုဒေသ၏  ဖွံ့ဖြိုးတိုးတက်ရေးကို    ရာနှုန်းပြည့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊   ပြည်သူများက လည်း  မိမိတို့  မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဒေသ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လိုသည့်ကိစ္စများကို မြို့နယ်၏      စီမံကိန်းရေးဆွဲဆောင်ရွက်ရာတွင် ထည့်သွင်းရေးဆွဲနိုင်ရေး ဌာနဆိုင်ရာများအနေဖြင့် ကွင်းဆင်းဆောင်ရွက်ကာ ပြည်သူများနှင့် ထိတွေ့ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိုခါဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်သည့်အခါ   နိုင်ငံတော်အကြီးအကဲက ယခင်အခြေအနေထက် သာလွန်ကောင်းမွန်အောင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ ပြန်လည်ထူထောင်ရေးကာလဆိုသည်မှာ မုန်တိုင်း သင့်ဒေသတစ်ခုတည်း မဟုတ်ပါကြောင်း၊ ပြည်နယ် အတွင်းရှိ မြို့နယ်များကိုလည်း ယခင်ထက်သာလွန် ကောင်းမွန်အောင်     ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း မိမိတို့ဌာန၏ မူလ တာဝန်များကို ယခင်ထက်သာလွန်ကောင်းမွန်အောင် ဆောင်ရွက်သွားကြမည်ဆိုလျှင် ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားသည်။ 
တင်ထွန်း(ပြန်/ဆက်)