ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်၊ အထူးကုဆရာဝန်ကြီးများပါဝင်သည့် ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကြည့်ရှုအားပေး
 

စစ်တွေ     ဇူလိုင်   ၁၅


ရခိုင်ပြည်နယ်      သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီး များ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဆိုင်ကလုန်း မုန်တိုင်းမိုခါ       တိုက်ခတ်ပြီး နောက်    ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြ သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အား စစ်တွေတပ်နယ်၌ တွေ့ဆုံ ကာ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ထောက်ပံ့ ပစ္စည်းများပေးအပ်ပြီး စစ်တွေမြို့ ခုတင်   ၅၀၀ ဆံ့    အထွေထွေ ရောဂါကုဆေးရုံကြီး၌   အထူးကု ဆရာဝန်ကြီးများပါဝင်သည့် ဆေး ကုသရေးအဖွဲ့က    ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှု အားပေးကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း      မိုခါ တိုက်ခတ်ပြီးနောက်       ကူညီ ကယ်ဆယ်ရေး  လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် ဝိုင်းဝန်းပါဝင်ကူညီခဲ့ကြ ပြီး  မိမိတို့ဒေသများ၌ မူလတာဝန် များကို ပြန်လည်ထမ်းဆောင်ရန် စစ်တွေမြို့မှ ပြန်လည်ထွက်ခွာကြ မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား စစ်တွေတပ်နယ်၌ တွေ့ဆုံ ကာ ဂုဏ်ပြုအားပေးစကား ပြော ကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့် ဒုတိယဝန်ကြီးများက တပ်ဖွဲ့ဝင် များအတွက်      ဂုဏ်ပြုချီးမြှင့် ငွေနှင့်     ထောက်ပံ့ပစ္စည်းများ  ပေးအပ်ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်     စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့      အထွေထွေ ရောဂါကုဆေးရုံကြီး၌   ကျန်းမာ ရေးဝန်ကြီးဌာနမှ အထူးကုဆရာ ဝန်ကြီးများက   မုန်တိုင်းဒဏ်သင့် ပြည်သူများအား    ကျန်းမာရေး စောင့်ရှောက်ပေးနေမှုနှင့်   ဆေး ကုသမှုခံယူနေကြသူများကို  သွား ရောက်တွေ့ဆုံကာ     အားပေး စကား ပြောကြားကြသည်။  ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည်     အထူးကုဆရာ ဝန်ကြီးများအဖွဲ့နှင့် ဆေးကုသမှု ခံယူလျက်ရှိသည့် ပြည်သူများအား     စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ကြသည်။


ကျန်းမာရေးဝန်ကြီးဌာန အနေ ဖြင့် ဆိုင်ကလုန်းမုန်တိုင်း   မိုခါ ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ် အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အားဖြည့်ဆောင် ရွက်နိုင်ရေးအတွက်    ပြည်နယ် အတွင်းရှိဆေးရုံများမှ   အထူးကု ဆရာဝန်များနှင့်   ကျန်းမာရေး ဝန်ထမ်းများအပြင်   အထွေထွေ ရောဂါကုသမားတော်၊ ခွဲစိတ်အထူး ကု၊ အရိုးအထူးကု၊ ကလေးအထူးကု ဆရာဝန်များပါဝင်သော အထူးကု ဆေးအဖွဲ့များစေလွှတ်၍   ရခိုင် ပြည်နယ်ရှိ   ဒေသခံပြည်သူများ ကို    ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ   ယနေ့တွင်   ကျန်းမာရေး ဝန်ကြီးဌာန၏    အစီအစဉ်ဖြင့် ရန်ကုန်မြို့မှ နှလုံးရောဂါ၊ ဦးနှောက် နှင့် အာရုံကြော ရောဂါ၊ အရိုး၊ အကြော၊ အဆစ်ရောဂါ၊ အစာအိမ် နှင့်    အူလမ်းကြောင်းရောဂါ၊ အသည်းရောဂါ၊ သွေးရောဂါ၊ အရေ ပြားရောဂါ၊   အထွေထွေရောဂါ ခွဲစိတ်အထူးကု၊ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးများ၊ စစ်တွေ ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့်    အထူးကုဆရာ ဝန်ကြီးများ၊   ဒေသခံအငြိမ်းစား အထူးကုဆရာဝန်ကြီးများ ပါဝင် သည့် အထူးကုဆရာဝန်ကြီးများ က စစ်တွေမြို့   ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု  ဆေးရုံကြီး ၌  နှစ်ရက်ကြာ    ကျန်းမာရေး စောင့်ရှောက်မှုများ   ပေးလျက်ရှိ ကြောင်း သိရသည်။ 


သတင်းစဉ်