ရခိုင်ပြည်နယ်အတွင်းရှိ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား ဂါရဝပြုစားသောက်ဖွယ်ရာများ၊ တိုင်းရင်းဆေးဝါးများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း၊ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

 

ရခိုင်ပြည်နယ်အတွင်းရှိ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား ဂါရဝပြုစားသောက်ဖွယ်ရာများ၊ တိုင်းရင်းဆေးဝါးများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း၊ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်
 

နေပြည်တော်    ဇွန်    ၂
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ် ကြီး ဖုန်းမြတ်သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍   ယနေ့နံနက်ပိုင်းတွင်   ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘိုးဘွားရိပ်သာသို့ သွားရောက်ကာ ရိပ်သာတွင် နေထိုင်လျက်ရှိသော အဘိုးအဘွားများ အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။  
ဦးစွာ ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာကော်မတီ ဥက္ကဋ္ဌက     မုန်တိုင်းဝင်ရောက်မှု   မဖြစ်ပေါ်သေးခင် အချိန်တွင်  တာဝန်ရှိသူများ၏ လမ်းညွှန်ချက်အရ အဘိုးအဘွားများအား   ဘေးလွတ်ရာသို့     ယာယီ ရွှေ့ပြောင်းပေးမှုအခြေအနေများ၊ မုန်တိုင်းတိုက်ခတ် ပြီးနောက်   ဘိုးဘွားရိပ်သာဝင်းအတွင်း   သစ်ပင်/သစ်ကိုင်းများ ပြိုလဲကျိုးကျမှုများ၊ အဆောက်အအုံများ အမိုးလန်ပျက်စီးမှုများကို  နယ်မြေခံတပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်  စေတနာ့ဝန်ထမ်း တို့မှ ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း      ဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက်   ဒုတိယဗိုလ်ချုပ်ကြီး   ဖုန်းမြတ်နှင့် အဖွဲ့ဝင်များက   အဘိုးအဘွား   ၃၉   ဦးတို့အား စားသောက်ဖွယ်ရာများ၊ တိုင်းရင်းဆေးဝါးများနှင့် ထောက်ပံ့ငွေများကို  ပေးအပ်လှူဒါန်းရာ  အဘိုး အဘွားများက ဆုတောင်းမေတ္တာစကား ပြန်လည် ပြောကြားသည်။ ထို့ပြင် စစ်တွေတပ်နယ်မှ နယ်မြေခံ  ဆေးကုသရေးအဖွဲ့က        အထွေထွရောဂါများနှင့် ပတ်သက်၍         ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးကာ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် (MLCA)မှ ချက်ပြုတ်လှူဒါန်းသည့် ဒံပေါက်ထမင်း/ ဟင်းလျာဘူးများကို   အဘိုးအဘွားများနှင့် ရိပ်သာ ဝန်ထမ်းများအတွက်  ပေးအပ်လှူဒါန်းကြသည်။ 
ဆက်လက်၍    စစ်တွေမြို့      မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ကျောင်းတိုက်နှင့်    တောင်ရွှေရွာကျောင်း တိုက်များသို့ သွားရောက်၍  ဆရာတော်၊  သံဃာတော် များအား  ဖူးမြော်ကြည်ညိုပြီး  လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ   ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့်အဖွဲ့ဝင် များသည် မုန်တိုင်းသင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များနှင့်     မိသားစုဝင်များအား   စစ်တွေတပ်နယ်ရှိ မေဃဝတီခန်းမ၌ ရင်းရင်းနှီးနှီး  တွေ့ဆုံအားပေး စကားပြောကြားကာ  ဆန်၊  ဆီနှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး မိသားစုဝင်များ၏ တင်ပြချက်များအပေါ်  လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                                          သတင်းစဉ်