စစ်တွေ ဇူလိုင် ၂
ရခိုင်ပြည်နယ်အတွင်းမှ အသေး စား၊ အငယ်စားနှင့် အလတ်စား (MSME)စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဇွန် ၂၉ ရက်က ပြုလုပ်သည်။
အစည်းအဝေးတွင် ပြည်နယ် MSME Agency နာယက ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ပြည်နယ် အတွင်းမှာရှိသည့် MSME လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်လာစေရန် အတွက် မိမိတို့၏ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း၊ ဆွေးနွေးမှု ရလဒ်များအပေါ် အခြေခံပြီး မိမိတို့ပြည်နယ်၏ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကို ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ MSME လုပ်ငန်းများ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက် ရန် အစိုးရအဖွဲ့၊ MSME Agency အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ် အတွင်းရှိ MSME လုပ်ငန်းရှင် များ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်၏ သဘာဝအခြေခံ ကောင်းများကို အကျိုးရှိရှိအသုံး ချပြီး ထုတ်ကုန်အသစ်များ၊ တီထွင်ဆန်းသစ်သော ထုပ်ပိုးမှု ပုံစံများဖြင့် ပြည်တွင်း၊ ပြည်ပ ဈေးကွက်များတွင် ယှဉ်ပြိုင် ရောင်းချနိုင်ရေးနှင့် ဈေးကွက်ရရှိ ရေးကို ဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက် သွားရမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာကြသူများ အနေ ဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်း အကြံပြု ဆွေးနွေးပေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ် MSME Agency ဥက္ကဋ္ဌ ပြည်နယ်စီးပွား ရေးရာဝန်ကြီး ဦးစံရွှေမောင်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြား ပြီး ပြည်နယ် MSME Agency တွဲဖက်အတွင်းရေးမှူး၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်နှင့် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်စုစုခိုင် တို့က လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ကြကာ MSME စီးပွားရေး လုပ်ငန်းရှင်များက လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက် ၍ မိမိတို့လုပ်ငန်းအလိုက် လိုအပ်သည်များကို တင်ပြ ဆွေးနွေးခဲ့ကြသည်။
တင်ထွန်း(ပြန်/ဆက်)



