
စစ်တွေ စက်တင်ဘာ ၂၀
ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်း မုန်တိုင်း (မိုခါ) ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် စပ်လျဉ်း ၍ ပြန်လည်ထူထောင်ရေးအတွက် လတ်တလောကာလ၊ ကာလတို၊ ကာလရှည် စီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ပြန်လည်ထူထောင်ရေး
အစည်းအဝေးတွင် ရခိုင်ပြည် နယ်ဝန်ကြီးချုပ်က ဆိုင်ကလုန်း မုန်တိုင်း (မိုခါ) နှင့် ပတ်သက်ပြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၏ စာရင်း တွေ့ရှိချက်များနှင့် အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ် လေ့လာရေးအဖွဲ့ (ASEAN- ERAT) အဖွဲ့တို့၏ အစီရင်ခံစာပါ တွေ့ရှိချက်များကို နှိုင်းယှဉ်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးသို့ တင်ပြခဲ့သည့် အပေါ်တွင် နိုင်ငံတော်အကြီးအကဲ ၏ မှတ်ချက်ပြု ညွှန်ကြားချက် များနှင့်အညီ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန် လတ်တလောကာလ၊ ကာလ လတ်၊ ကာလရှည် စီမံကိန်းများ ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ပြန် လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရာတွင် မြေပြင်တွင် အမှန်တကယ်ဖြစ်ပျက် မှု (အမှန်) သာလိုအပ်မည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးတွင် လတ် တလောကာလ၊ ကာလတို၊ ကာလ ရှည်ခွဲ၍ ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ လတ်တလောကာလမှာ ပြီးစီးပြီဖြစ်၍ ကာလတို၊ ကာလ ရှည်တွင် ရာသီသီးနှံအခြေခံသည့် စားသောက်ရေး၊ ကာလတိုအတွင်း ဟင်းဖြစ်လွယ်မည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ငါးဖမ်း ခြင်း၊ ချက်ချင်းအကျိုးရှိနိုင်သည့် သက်တမ်းအသင့်အတင့်ရှိသည့် ဥစားကြက်၊ ဝက်၊ ဆိတ်၊ broiler ကြက်၊ အသားထုတ်လုပ်မှုလုပ်ငန်း၊ နှစ်လ၊ သုံးလခန့် သက်တမ်းရှိ သည့် ဟင်းသီးဟင်းရွက်ထုတ်လုပ် မှုတို့ကိုလည်း စီမံကိန်းတွင် ထည့်သွင်း ရေးဆွဲသွားရမည်ဖြစ် ကြောင်း၊ စာသင်ကျောင်းများ၊ ရုံး၊ ဌာနများပြုပြင်မှု၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် လမ်း၊ တံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း စီမံရေးဆွဲသွားရမည် ဖြစ်ကြောင်း၊ မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်း များကို မူလအခြေအနေထက် သာလွန်ကောင်းမွန်သော အနေ အထားရောက်အောင်ဆောင်ရွက် သွားကြရန် ပြောကြားသည်။
လိုအပ်သည်များ မှာကြား
ထို့နောက် ပြည်နယ် ကာလ တို၊ ကာလရှည်စီမံကိန်းများ ရေးဆွဲပြုစုရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးစံရွှေမောင်က ရှင်းလင်းဆွေးနွေး ပြောကြားပြီး ကော်မတီဝင်များက မိမိတို့ကော်မတီအလိုက်လုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြ သည်။ ယင်းနောက် ပြည်နယ် အစိုးရအဖွဲ့ဝင်များက လတ်လော ကာလ၊ ကာလတို၊ ကာလရှည် စီမံ ကိန်းရေးဆွဲရေးနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြ ချက်များအပေါ် ပြန်လည်ဆွေးနွေး ပေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
တင်ထွန်း(ပြန်/ဆက်)