ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   ဇူလိုင်   ၁၈
ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထား ပြီးဖြစ်သည်။
ထိုသို့      ပြန်လည်ထူထောင်ရေး လုပ်ငန်းများ    ဆောင်ရွက်ရန် အတွက်    ခန့်အပ်တာဝန်ပေးအပ် ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်  ကျောက်ဖြူမြို့၌     ရောက်ရှိနေ သော   ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ   ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည်  ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ   ဂုံးချွန်ကျေးရွာ အုပ်စု   လယ်ဒါပြင်ကွင်း   ကွင်း အမှတ်(၄၅၁)၌  တောင်သူတစ်ဦး ၏    လယ်မြေတွင်   မိုးစပါးစိုက်ပျိုး ရန် ကွင်းသရုပ်ပြပွဲကို သွားရောက် ကြည့်ရှုအားပေးပြီး     အစိုးရ ရပ်ကွက်ရှိ      မဟာသတိပဋ္ဌာန် မင်းဒွိန်တောရဓမ္မရိပ်သာကျောင်း တိုက် ဆရာတော် ဘဒ္ဒန္တ သီလ စာရထံ    သွားရောက်     ဖူးမြော် ကြည်ညို၍  လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ     မြို့ပေါ် ရပ်ကွက်များရှိ အသက် ၈၅ နှစ် အထက်   အဘိုးအဘွားများအား လူမှုရေးပင်စင်များကို   အိမ်တိုင် ရာရောက် သွားရောက် ထောက်ပံ့ ပေးအပ်သည်။
အလားတူ ဘူးသီးတောင်မြို့၌ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ     ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းသည်  ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လက်ဝဲဒက်ပြင်ရှည်    ကျေးရွာ အုပ်စုကွင်း (၂၇၀-E)၊   လက်ဝဲဒက် မြောက်ကွင်း   ဦးပိုင်အမှတ်(၄၆)တို့၌     စုပေါင်းထွန်ယက်ပွဲကို   ကြည့်ရှုအားပေးကာ     လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေး သည်။
ထို့အတူ သံတွဲမြို့၌ ရောက်ရှိ နေသော ဗိုလ်ချုပ် စိုးနိုင်ဦးသည် ဌာနဆိုင်ရာ  တာဝန်ရှိသူများနှင့် အတူ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန  အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် စိုက်ပျိုးရေး၊ မွေးမြူ ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို   တက်ရောက်   အမှာ စကားပြောကြားပြီး    လယ်ယာ စိုက်ပျိုးရေး      လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးမှာကြားကာ တာဝန်ရှိသူများ၏  တင်ပြချက် များပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ   မာန်အောင်မြို့၌ ရောက်ရှိနေသော   ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ     ခအုန်း မော်ကျေးရွာအုပ်စုနှင့်    တောထူ ကျေးရွာအုပ်စုတို့ရှိ အဘိုးအဘွား များအား သက်ဆိုင်ရာနေရာများ၌ လူမှုရေးပင်စင် ထောက်ပံ့ငွေများ    ပေးအပ်ပြီး       ခအုန်းမော်ရွာသစ် ကျေးရွာရှိ    ကွင်းအမှတ်   (၈၆၀) ရှိ      ဒေသခံတောင်သူတစ်ဦး၏ လယ်မြေတွင်     ဆင်းသုခစပါး စိုက်ပျိုးနေမှုနှင့်   ထွန်ယက်နေမှု များကို သွားရောက်ကြည့်ရှုသည်။ ယင်းနောက်   တောထူကျေးရွာ ရှိ    တောင်သူလယ်သမားများနှင့် တွေ့ဆုံ၍   စပါးအထူးအထွက်နှုန်း  တိုးရေးအတွက် လုပ်ဆောင်ရမည် များကို ဆွေးနွေးပြီး စပါးမျိုးစေ့ ထုတ်ပျိုးခင်းအား     သွားရောက် ကြည့်ရှုကာ    အဆိုပါ   ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ ၎င်းတို့ ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ    ပေါင်းစပ်     ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 
ထို့အတူ   မောင်တောမြို့၌    ရောက်ရှိနေသော    ဗိုလ်မှူးချုပ် တင့်ဆွေသည် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ    မြို့နယ်ရဲစခန်း အတွင်းရှိ     နေအိမ်လိုင်းခန်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး၊ နှိမ်နင်းရေး၊  ဖုံးသွန် လဲစစ်လုပ်ငန်း ဆောင်ရွက်နေမှု များကို       သွားရောက်     ကြည့်ရှု အားပေးပြီး    လိုအပ်သည်များ   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။  ယင်းနောက်  မြို့ဦးကျေးရွာ အုပ်စု ဇူလကျေးရွာရှိ ကွင်းအမှတ် (၁၀၁/ဃ) ရှိ   ဒေသခံတောင်သူများ ၏ လယ်မြေ၌ မိုးစပါးဆင်းသွယ် လတ်   မျိုးစပါးပျိုးထောင်ထားရှိ မှုနှင့်     ထွန်ယက်နေမှုများကို  သွားရောက်     ကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရရှိသည်။    
သတင်းစဉ်