
နေပြည်တော် မေ ၂၅
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာ ချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေး ထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထား ရှိရာ မေ ၂၄ ရက်တွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်နှင့် ဟားခါးမြို့နယ်သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်သည် အနောက် မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူး ချုပ် မျိုးထွဋ်လှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်သည့် ချင်းပြည် နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ပြန်လည်ထူထောင် ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။ ထို့နောက် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြ ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် တာဝန် ရှိသူများက တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး လေဘေးသင့် ပြည်သူများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံ ရယူခဲ့သည်။
ထို့အတူ ယနေ့တွင် ရသေ့တောင်မြို့သို့ ရောက်ရှိ နေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ်အောင်မျိုးထွန်းသည် တာဝန်ရှိသူများနှင့် အတူ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲသွားသည့် သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်း ဆောင်ရွက် နေမှုနှင့် ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်နေမှု များကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များမှာကြား ကာ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ မြောက်ဦးခရိုင် မင်းပြားမြို့နယ်သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ခင်ဇော်သည် တာဝန် ရှိသူများနှင့်အတူ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် မင်းပြားမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းတို့၌ မြို့နယ်ရှိ ကူညီကယ်ဆယ်ရေးအဖွဲ့ များက စုပေါင်းသန့်ရှင်းရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးပြီး လိုအပ်သည်များမှာကြားကာ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦးသည် တာဝန်ရှိသူများနှင့် အတူ မြို့နယ်အတွင်းရှိ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးပေး ခန်းများ၊ သာသနိကအဆောက်အဦများနှင့် ဌာန ဆိုင်ရာအဆောက်အဦများ ပျက်စီးဆုံးရှုံးမှုအခြေ အနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြိုလဲသွားသည့် သစ်ပင်ကြီးများအား ခုတ်ထွင် ရှင်းလင်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ မြောက်ဦးခရိုင် မာန်အောင်မြို့နယ် သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်ဦး သည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ခအုန်းမော်ကျေးရွာအုပ်စုအတွင်း ရှိ စာသင်ကျောင်းများ ပြန်လည်ပြုပြင်ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဝင်များနှင့် အစည်းအဝေးပြုလုပ်ကာ ပြည်နယ် အစိုးရအဖွဲ့သဘာဝဘေး ကြိုတင်ထုတ်ပေးငွေနှင့် အလှူရှင်များက လှူဒါန်းထားသည့် သွပ်များကို စာသင်ကျောင်းများအား ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်