ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော်   ဇွန်  ၂
နိုင်ငံတော်         စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်   ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများ ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ    ၁၁   အရ သဘာဝဘေးအန္တရာယ် ကျရောက် သော ဒေသများအဖြစ်   ကြေညာ ချက်များ   ထုတ်ပြန်၍    ယင်း ကြေညာချက်များပါ   ဒေသများ တွင်         ပြန်လည်ထူထောင်ရေး လုပ်ငန်းများ     ဆောင်ရွက်နိုင်ရန် ဒေသအလိုက်  တပ်မတော်အရာရှိ ကြီးများကို    ခန့်အပ်တာဝန်ပေး ထားပြီး ဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ           ဆောင်ရွက်ရန် အတွက် ခန့်အပ်တာဝန်ပေးအပ် ထားရှိရာ  ယနေ့တွင်   ချင်းပြည် နယ် ဟားခါးမြို့သို့ ရောက်ရှိနေ သည့်   ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်သည်  တာဝန်ရှိသူများနှင့် အတူ ဟားခါးမြို့ရှိ  မြို့နယ်ပြည်သူ့ ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများအား      ကြည့်ရှု အားပေးပြီး  ဆေးရုံတက်ရောက်   ကုသမှုခံယူလျက်ရှိသော ဒေသခံ ပြည်သူများအား စားသောက်ဖွယ် ရာများ  ပေးအပ်ခဲ့ပြီး   ရင်းရင်းနှီးနှီး    မေးမြန်းအားပေး စကားများ ပြောကြားသည်။ 
အလားတူ  ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့်     ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ    ဒုတိယ ဗိုလ်ချုပ်ကြီး လူအေးသည် တာဝန် ရှိသူများနှင့်အတူ  ကျောက်ဖြူမြို့ ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍     ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေ မှုတို့ကို       ကြည့်ရှုအားပေးပြီး ပြင်ဖြူမော်ရပ်ကွက်ရှိ  ရေထိန်း တမံ ပြန်လည်ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည် များ မှာကြားသည်။  ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး  လူအေးနှင့် တာဝန်ရှိသူများသည် ဆိုင်ကလုန်း ရှယ်တာ(Cyclone Shelter)များ ကို သွားရောက်ကြည့်ရှုစစ်ဆေး ပြီး  လိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။
ထို့အတူ  ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော    ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး      အေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ  ဘူးသီး တောင်မြို့   အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ မုန်တိုင်းကြောင့်   ပျက်စီးဆုံးရှုံး ခဲ့သည်များအား             ပြန်လည် ထူထောင်ရေး      လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ လိုအပ်သည်များ         ဆွေးနွေး မှာကြားသည်။ ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး      အေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ စားသုံး သူရေးရာဦးစီးဌာန၏ ဂိုဒေါင်တွင် ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေပေး နေ မှုများကို    သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက်      စစ်တွေမြို့သို့ ရောက်ရှိနေသည့်   ဗိုလ်မှူးချုပ် အောင်ကျော်မိုးသည် ယနေ့နံနက် ပိုင်းတွင်  ခရိုင်အထွေထွေအုပ်ချုပ် ရေးမှူး    အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ     ဝန်ထမ်းများနှင့် တွေ့ဆုံပြီး     မုန်တိုင်းဒဏ်သင့် ပြည်သူများ     စာရင်းအမှန်ရရှိစေ ရေးအတွက်          သက်ဆိုင်ရာ ကျေးရွာများသို့   စာရင်းကောက် အဖွဲ့များ စေလွှတ်ဆောင်ရွက်နိုင် ရေး    လိုအပ်သည်များ   ညှိနှိုင်း ဆွေးနွေးသည်။      ဆက်လက်၍ ဗိုလ်မှူးချုပ်  အောင်ကျော်မိုးသည် တာဝန်ရှိသူများနှင့်အတူ    ညနေ ပိုင်းတွင် စစ်တွေမြို့နယ်အတွက် ခွဲဝေရရှိထားသော      သစ်ခွဲသား များအား  မြို့နယ်အဆင့် တာဝန်ရှိ သူများမှ       ရပ်ကွက်၊    ကျေးရွာ အုပ်ချုပ်ရေးမှူးများသို့       စနစ် တကျ   ဖြန့်ခွဲပေးဝေနေမှုများကို   သွားရောက်          ကြည့်ရှုစစ်ဆေး ပြီး     လိုအပ်သည်များ      မှာကြား သည်။
ယင်းနောက်  ကျောက်တော် မြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူး ချုပ် အောင်သူဦးသည် တာဝန်ရှိသူ များနှင့်အတူ       ကျောက်တော်မြို့၊ မှန်ကျောင်း              ကျောင်းတိုက်သို့ သွားရောက်၍      အဆိုပါကျောင်း တိုက်ရှိ  သံဃာတော်များ    ဆွမ်း ကိစ္စရပ်များ      အဆင်ပြေစေရန် အတွက်      ဆွမ်းဆန်တော်များ ဆက်ကပ်        လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။         
သတင်းစဉ်