ရခိုင်ပြည်နယ် မိုခါမုန်တိုင်းဒဏ်သင့်နေရာဒေသများ လျှပ်စစ်ကဏ္ဍပြန်လည်ထူထောင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ပါဝင်ဆောင်ရွက်ခဲ့သောဝန်ထမ်းများအား ဂုဏ်ပြု

 

ရန်ကုန်    ဇူလိုင်    ၁၂


၂၀၂၃  ခုနှစ်   မေ  ၁၄ ရက်တွင် ရခိုင်ကမ်းရိုးတန်းနှင့်  ကုန်းတွင်း ပိုင်းဒေသများသို့ အလွန့်အလွန် အားကောင်းသော    ဆိုင်ကလုန်း မုန်တိုင်း    ‘မိုခါ’    ဝင်ရောက် တိုက်ခတ်ခဲ့သဖြင့် စစ်တွေမြို့နယ် အပါအဝင်      ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တို့တွင်     ထိခိုက် ပျက်စီးမှုများ    ဖြစ်ပွားခဲ့သဖြင့် လျှပ်စစ်စွမ်းအား     ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ   မုန်တိုင်းဒဏ် ကြောင့် ထိခိုက်ပျက်စီးသွားသော လျှပ်စစ်   ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊    ဖြန့်ဖြူးရေး ကိရိယာများ၊    လျှပ်စစ်အခြေခံ အဆောက်အအုံများ၊      ပြုပြင် ဆောင်ရွက်ရေး  လုပ်ငန်းများကို အောင်မြင်အောင်  နေ့မနား  ည မအား ကြိုးစားဆောင်ရွက်ခဲ့သော ဝန်ထမ်းများအား   ဂုဏ်ပြုသည့် အခမ်းအနားကို  ဇူလိုင် ၁၂ ရက် ၁၀ နာရီခွဲတွင်   ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ရုံးချုပ် ပထမထပ် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့     ရန်ကုန်  လျှပ်စစ်ဓာတ်အားပေးရေး ကော်ပို ရေးရှင်းမှ   ဥက္ကဋ္ဌ၊    ဒါရိုက်တာ အဖွဲ့ဝင်များ၊  ဌာနကြီးမှူးများနှင့် ရုံးချုပ်၊ ခရိုင်၊ မြို့နယ်အသီးသီးမှ ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင်  ကြိုးပမ်းဆောင်ရွက်ခဲ့ သော   ကြီးကြပ်သူ  ခေါင်းဆောင် အရာရှိများနှင့်      ဝန်ထမ်းများ အားလုံး တက်ရောက်ကြသည်။
ရန်ကုန်    လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း   ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက  ဂုဏ်ပြုအမှာ စကားပြောကြား၍       ဂုဏ်ပြု လက်မှတ်များ  ချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်