
နေပြည်တော် မတ် ၂၉
ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာ စခန်းများ၌ ခေတ္တခိုလှုံနေထိုင် လျက်ရှိသော ယာယီတိုက်ပွဲရှောင် အိမ်ထောင်စုဝင် မိသားစုများ သည် ၎င်းတို့၏ သဘောဆန္ဒဖြင့် မူလနေရပ်ဒေသများသို့ ပြန်လည် နေထိုင်ကြမည်ဖြစ်ရာ အဆိုပါ ယာယီတိုက်ပွဲရှောင် အိမ်ထောင် စုဝင်များ လတ်တလော စားသောက်နေထိုင်ရေး အဆင် ပြေစေရန်အတွက် ထောက်ပံ့ငွေ နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် ကျောက်တော်မြို့ ကစ္ဆပနဒီခန်းမ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နေရပ်ပြန် အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက အားပေးအမှာစကားများ ပြော ကြားကြသည်။ ထို့နောက် တာဝန် ရှိသူများက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ ထောက်ပံ့သည့် အိမ်ထောင် စု တစ်စုလျှင်ငွေကျပ် ၅၀၀၀၀၀ နှုန်းဖြင့် အိမ်ထောင်စု ၆၄၄ စု အတွက် ငွေကျပ်သိန်း ၃၂၂၀ ကို လည်းကောင်း၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၆၄၄ သိန်းနှင့် လူသုံးကုန်ပစ္စည်း ၁၇ မျိုးပါသည့် Family Kit ၁ ပုံးနှုန်းဖြင့် Family Kit ၆၄၄ ပုံးကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေ တစ်လစာအတွက် လူတစ်ဦးလျှင် ငွေကျပ် ၉၀၀၀ နှုန်းဖြင့် လူဦးရေ ၂၇၀၆ ဦးအတွက် ထောက်ပံ့ငွေကျပ် ၂၄၃၅၄၀၀၀ ကိုလည်းကောင်း စခန်းတာဝန်ခံ များထံ ထောက်ပံ့ပေးအပ်ကြ သည်။
ဆက်လက်၍ ပြည်နယ်အစိုးရ အဖွဲ့နှင့် တပ်မတော်မှ စီစဉ်ဆောင် ရွက်ပေးမှုဖြင့် ကျောက်တော် မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာ စခန်းများမှ ၎င်းတို့၏ နေရပ် အသီးသီးသို့ ပြန်လည်သွားရောက် နေထိုင်ကြမည့် ယာယီတိုက်ပွဲ ရှောင် အိမ်ထောင်စုဝင်များ၏ အိမ်သုံးကုန် ပစ္စည်းများအား နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာ ဝန်ထမ်းများက မော်တော် ယာဉ်များ၊ စက်လှေများဖြင့် ကူညီသယ်ယူပို့ဆောင်ပေးကြပြီး ၎င်းတို့၏ နေရပ်ကျေးရွာများ အရောက် အခမဲ့ပို့ဆောင်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်