ရက်အရှည်ကြာဆုံးသော ဘုရားပွဲတော်တစ်ခုဖြစ်သည့် မန်းရွှေစက်တော်ဘုရားပွဲတော်သို့ ယနေ့အထိ ဘုရားဖူးပြည်သူနှစ်သိန်းခွဲခန့်လာရောက်

 

မင်းဘူး   မတ်   ၃၀


မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ  မန်းရွှေစက်တော်ဘုရားကြီးတွင်  ဘုရားပွဲတော်စတင်ကျင်းပသည့် တပို့တွဲလဆန်း  ၅  ရက်မှစ၍  ယနေ့ (မတ် ၃၀ ရက်)အထိ ဘုရားဖူးခရီးသွားပြည်သူပေါင်း  နှစ်သိန်းခွဲခန့်လာရောက်ကြောင်း  မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။


မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)အဆင့်စာရင်းဝင် တန်ခိုးကြီးဘုရားဖြစ်သည်နှင့် အညီ ထင်ရှားကျော်ကြားကာ ရက်အရှည်ကြာဆုံး သော  ဘုရားပွဲတော်တစ်ခုဖြစ်ပြီး  ယခုနှစ်  မန်းရွှေ စက်တော်ဘုရားပွဲတော်ကြီးကို   တပို့တွဲလဆန်း  ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ  ရက်ပေါင်း ၆၄ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် လျက်ရှိသည်။ 


ဘုရားပွဲတော် ကျင်းပစဉ်ကာလတစ်လျှောက် တပေါင်းလပြည့်နေ့သည်  နှစ်စဉ်နှစ်တိုင်း  အစည် ကားဆုံးဖြစ်ကာ ယခုနှစ် တပေါင်းလပြည့်နေ့တွင် လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက် လည်ပတ်ကြသူများဖြင့်  ကြိတ်ကြိတ်တိုး   အထူး စည်ကားခဲ့ကြောင်း မန်းရွှေစက်တော် ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။

ယခုနှစ်  တပေါင်းလပြည့်နေ့တွင်လည်း   စနေ၊  တနင်္ဂနွေ  အစိုးရရုံးပိတ်ရက်နှင့်  တိုက်သည့်အတွက် တည်းခိုဆောင်များအားလုံးပြည့်သည်အထိ ဘုရားဖူး လာရောက်ခဲ့ကြပြီး    ဘုရားအနီးပတ်ဝန်းကျင်ရှိ ဓမ္မာရုံများနှင့်   ဘုန်းတော်ကြီးကျောင်းများတွင် လည်း တည်းခိုနေထိုင်ကြကာ ဘုရားဖူး၊ ရွှေသင်္ကန်း များ    ကပ်လှူပူဇော်၍    မန်းချောင်းအတွင်း   ရေချိုး အပန်းဖြေအနားယူကြသည်။ 


အဆက်မပြတ်လာရောက်


ဘုရားဖူးလာရောက်သူများပြားသည့်အတွက် ဈေးရောင်း/ဈေးဝယ်များနှင့်  ခေါင်းရွက်ဈေးသည် များပါမကျန်  ရောင်းအားကောင်းမွန်၍ အဆင်ပြေ လျက်ရှိကာ     ပွဲတော်စတင်ကျင်းပသည့်နေ့မှစ၍  ယနေ့အထိ  ဘုရားဖူးခရီးသွားပြည်သူများ  နေ့စဉ် အဆက်မပြတ် လာရောက်လျက်ရှိကြောင်း   မန်းရွှေ စက်တော်ဘုရားဂေါပကအဖွဲ့  ဥက္ကဋ္ဌ  ဦးဝင်းဌေးက ပြောသည်။


ညအိပ်တည်းခိုလာရောက်


မန်းရွှေစက်တော်ဘုရားကြီး၌ ယခုနှစ် ဘုရားဖူး ခရီးသွားရာသီတွင်    ပွဲတော်စတင်ကျင်းပခဲ့သည့်  ကာလတစ်လျှောက်မှစ၍  တပေါင်းလပြည့်ကျော် ၁ ရက် (မတ်လ ၂၅ ရက်) ညအထိ  ဘုရားဖူးရဟန်း ရှင်လူများနှင့်    အနယ်နယ်အရပ်ရပ်မှ  ဘုရားဖူး လာရောက်လည်ပတ်သူဦးရေ    ၂၀၇၀၃၀    ရှိပြီး ညအိပ်တည်းခိုသူပေါင်း    ၄၆၃၀၆ ဦး  ရှိကြောင်း၊ မော်တော်ယာဉ်   ဝင်ထွက်မှုအနေဖြင့်   ယာဉ်ကြီး၊   ယာဉ်ငယ်နှင့် ဆိုင်ကယ်အစီးရေ  ၂၂၇၉၂ စီး   ရှိပြီ ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားကြီးရှိ ခရီးသွား မှတ်တမ်းများအရ သိရသည်။    

မောင်မောင်(မင်းဘူး)