ရွှေတိဂုံစေတီတော်နှင့် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်တို့၌ တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်နေ့)အခမ်းအနားများကျင်းပ

ရန်ကုန်  စက်တင်ဘာ  ၉        


ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် တော်သလင်းလ ပြည့်နေ့ အာရုံဆွမ်းတော်ကြီး လှူဒါန်းပွဲနှင့် ဂရုဓမ္မအခါတော်နေ့ အခမ်းအနားကို ယနေ့ နံနက် ၆နာရီတွင် စေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

 


ရှေးဦးစွာ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ရွှေတိဂုံစေတီတော်   ဘာသာရေးဝတ်အသင်းအဖွဲ့ များက စေတီတော်ကြီးအား  ဆွမ်း၊  ပန်း၊  ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။

 


ထို့နောက်    တော်သလင်းလပြည့်    ဂရုဓမ္မ အခါတော်နေ့ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့ များက  “နမောတဿ”  သုံးကြိမ်ရွတ်ဆို  ဘုရား ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခြင်း၊ “စိန်ရောင် ခြည်”  ဘုရားပင့်ဂါထာတော်ဖြင့်   ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊   ကုသိုလ်တော်အတူပြုရန် နတ်ဗြဟ္မာများကို   ဖိတ်ကြားခြင်း၊  “မြတ်ဘုရား ရွှေတိဂုံ” ဂါထာတော်ဖြင့်  စေတီတော်မြတ်ကြီးကို ရှီခိုးပူဇော်ခြင်း၊ ပရိသတ်အပေါင်းတို့က နဝင်္ဂသီလ ခံယူဆောက်တည်ခြင်း၊ ဘုရား၊ တရား၊ သံဃာဂုဏ် တော်များ ရွတ်ပွားပူဇော်ခြင်းနှင့် ဗုဒ္ဓ၊ ဓမ္မ၊ သံဃဝန္ဒနာ ရှီခိုးခြင်း၊ ဂရုဓမ္မအခါတော်နေ့ဆိုင်ရာ အမေးအဖြေ များ ပြုလုပ်ခြင်း၊ ဂရုဓမ္မ ငါးပါးသီလအကျိုးအပြစ် လင်္ကာများ  ရွတ်ဆိုပူဇော်ခြင်း၊  မေတ္တာဘာဝနာပွား များခြင်း၊  ဆုတောင်းအမျှဝေ  သာဓုခေါ်ဆိုခြင်း၊ ကုသိုလ်တော်အတူပြုရန်       ပင့်ဖိတ်ထားသော နတ်ဗြဟ္မာများကို     ပြန်လည်ပို့ဆောင်ခြင်း၊    ဗုဒ္ဓ သာသနံစိရံတိဋ္ဌတု       သုံးကြိမ်ရွတ်ဆို       ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခြင်းတို့ ပြုလုပ်ဆောင်ရွက် ကြသည်။

 


ယင်းနောက်   ဝါတွင်းကာလ  သီလခံယူပွဲကို ကျင်းပရာ  ရွှေတိဂုံစေတီတော်  ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဘဒ္ဒန္တဇာဂရ အဂ္ဂမဟာ ပဏ္ဍိတ၊   အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ   မြသိန်းတန် ကျောင်းတိုက်ဆရာတော်ထံမှ  ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့်  ဘုရားဖူးလာရဟန်းရှင်လူပြည်သူများက   ပါဝင်ကုသိုလ်ပြုကြသည်။

 


အလားတူ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်  ကမ္ဘာအေးကုန်းမြေရှိ   ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင်    သီရိမင်္ဂလာကမ္ဘာအေးစေတီ တော်တွင် ယနေ့နံနက်ပိုင်းမှ စတင်၍ စေတီတော် အာရုံခံတန်ဆောင်းပေါ်ထပ်တွင် ဂရုဓမ္မအခါတော်နေ့ အခမ်းအနားကို ကျင်းပရာဂေါပကအဖွဲ့ဝင်များ၊ ဝတ် အဖွဲ့များနှင့် ဧည်ပရိသတ်များက စေတီတော်ဩဝါဒါ စရိယအဖွဲ့ဝင် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ   ဘဒ္ဒန္တကောသလ္လထံမှ   ဂရုဓမ္မသီလဖြစ်သော ကိုးပါးသီလကို  ခံယူဆောက်တည်ကြကာ၊   ဆရာ တော်အား ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 


ဆက်လက်၍           ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက ဆရာတော်ဟောကြားတော်မူ အပ်သော ဂရုဓမ္မတရားတော်နှင့် ရေစက်ချအနုမော ဒနာတရားများကို နာကြားကာ ပြုပြုသမျှ ကုသိုလ် အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
မွန်းလွဲပိုင်းတွင်  ဂရုဓမ္မအခါတော်နေ့ (ဒုတိယ ပိုင်း) အစီအစဉ်ကို  ဆက်လက်ကျင်းပရာ  ဂေါပက အဖွဲ့ဝင်များနှင့်    ဝတ်အဖွဲ့ဝင်များသည်   ဂရုဓမ္မ အခါတော်နေ့ ဓမ္မပူဇာ မင်္ဂလာအစီအစဉ်ကို နမော တဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ် သည်။

 


မြတ်စွာဘုရားနှင့်  အဂ္ဂသာဝကကြီး  နှစ်ဆူ ဖြစ်တော်မူသော အရှင်သာရိပုတ္တရာနှင့် အရှင်မဟာ မောဂ္ဂလာန်     အရှင်မြတ်ကြီး နှစ်ပါးတို့အား ပင့်လျှောက်ကာ ကမ္ဘာအေးဘုရားရှီခိုးဖြင့် ပူ‌ဇော် ကန်တော့ကြပြီး  ဂရုဓမ္မသီလဖြစ်သော  ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

 


ဆက်လက်၍ အလှည့်ကျသဘာပတိ ဂေါပက အဖွဲ့ဝင် ဦးလှထွန်းက ဂရုဓမ္မအခါတော်နေ့ ကျင်းပရ ခြင်းအကြောင်း မင်္ဂလာထောပနာစကားပြောကြား ကာ ဂရုဓမ္မဇာတ် ပါဠိတော်နှင့် မဟာဓမ္မပါလဇာတ် ပါဠိတော်တို့ကို စုပေါင်းရွတ်ဆိုကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်  ရွတ်ဆိုဆုတောင်း၍  ဂရုဓမ္မ အခါတော်နေ့   အခမ်းအနားကို  ရုပ်သိမ်းကြောင်း သိရသည်။                                        

သတင်းစဉ်