
နေပြည်တော် ဖေဖော်ဝါရီ ၂၇
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်မှုအခြေအနေများကြောင့် ဗုဒ္ဓဘာသာဘုရားစေတီများ အပါအဝင် သက်ဆိုင်ရာ ဘာသာများအလိုက် ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များ ယာယီရပ်ဆိုင်းထားရှိရာမှ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်၊ ဝတ်ပြု၊ ကြည်ညို တရားဘာ၀နာ ပွားများနိုင်ရေးအတွက် ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ပြန်လည်ဖွင့်လှစ်ထားရှိရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေး မြို့ရှိ မဟာမုနိရုပ်ရှင် တော်မြတ်ကြီး၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီးတို့ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် မိဘပြည်သူများသည် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကြည်ညို ကုသိုလ်ယူလျက်ရှိကြသည်။
ထို့ပြင် နိုင်ငံတစ်ဝန်းရှိ အစ္စလာမ်ဘာသာရေး ကျောင်းများ၊ ခရစ်ယာန်ဘာသာရေးကျောင်းများနှင့် ဟိန္ဒူဘာသာရေးကျောင်းများကိုလည်း သက်ဆိုင်ရာ ဘာသာများအလိုက် အများပြည်သူဝတ်ပြုကြည်ညိုနိုင်ရေးအတွက် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ဖွင့်လှစ်ထားရှိရာ သက်ဆိုင်ရာ ဘာသာဝင်များက စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြုလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်