ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာအပါး ၁၁၁၁၁ ပါးတို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားနှင့် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   ဧပြီ   ၁၉


ရွှေတိဂုံစေတီတော်မြတ်ကြီးအား  သံဃာအပါး ၁၁၁၁၁ ပါး တို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာ တင်မင်္ဂလာအခမ်းအနားနှင့် စုပေါင်းဆွမ်းဆန် စိမ်းလောင်းလှူပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက်   လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်   ရန်ကုန်တိုင်းဒေသ ကြီး  ဒဂုံမြို့နယ်  ရွှေတိဂုံစေတီတော်မြတ်ကြီး ရှေးဟောင်းတန်ဆောင်း၌ပြုလုပ်ရာ ရန်ကုန် တိုင်းဒေသကြီး   သံဃနာယကအဖွဲ့    ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဒွိပိဋကဓရ တိပိဋကာလင်္ကာရစာသင်တိုက် ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တ အဂ္ဂသာမိ  အမှူးပြုသော   သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီး ချုပ်    ဦးစိုးသိန်း၊   ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တိုင်းဒေသ ကြီး ဝန်ကြီးများ၊  ဌာနဆိုင်ရာ   တာဝန်ရှိသူ များ၊    ဖိတ်ကြားထားသူများ   တက်ရောက်ကြ သည်။

 


ဦးစွာ   တိုင်းဒေသကြီး   သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က အဖွင့်သြဝါဒကထာ မြွက်ကြားသည်။ ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  တိုင်းမှူးတို့က   အဖွင့်အမှာ စကားများ ပြောကြားကြသည်။  ယင်းနောက် တိုင်းဒေသကြီး   အစိုးရအဖွဲ့     အတွင်းရေးမှူး က  လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ပတ်သက် ၍    ရှင်းလင်းတင်ပြသည်။    ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်    ဒုတိယပါမောက္ခချုပ်(စီမံ)က ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဂိုဏ်းပေါင်းစုံ  သံဃာအပါး ၁၁၁၁၁ ပါးတို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်   မဟာမင်္ဂလာအခမ်းအနား နှင့်     စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြ ပြီး   တက်ရောက်ကြသည့်   လုပ်ငန်းကော်မတီ အသီးသီးမှ တာဝန်ရှိသူများက  ဆွေးနွေးတင်ပြ ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                 
     

သတင်းစဉ်