
ရန်ကုန် နိုဝင်ဘာ ၂၄
ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဘုရားဖူးပြည်သူများ ဖူးမြော် ကြည်ညိုနိုင်ရန်အတွက် စနေ၊ တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက် (အစိုးရရုံးပိတ်ရက်)များတွင် နံနက် ၅ နာရီမှ ည ၇နာရီအထိ ဖူးမြော်ချိန် တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ယနေ့တွင် အသိပေးကြေညာထားသည်။
ရုံးပိတ်ရက်မဟုတ်သည့် ပုံမှန်နေ့ရက်များတွင် နေ့စဉ် နံနက် ၅ နာရီ မှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားပြီး အများပြည်သူများအား ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ လာရောက်ဖူးမြော်နိုင်ကြောင်း သိရသည်။
အောင်မြင့်