ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်၊ စေတိယင်္ဂဏဩဝါဒါစရိယဆရာတော်များနှင့် စေတိယင်္ဂဏနိဗဒ္ဓအလှူခံ ဆရာတော်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ထပ်ဆင့်ဂုဏ်ပြု ပူဇော်ခြင်း “ဂုဏပူဇာ”အခမ်းအနားကျင်းပ

ရန်ကုန်  နိုဝင်ဘာ  ၂၂


 ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ က ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော် အစိုးရမှ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ခြင်းခံယူရရှိတော်မူခဲ့သည့်  ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့၏    ဩဝါဒါစရိယဆရာတော် တစ်ပါး၊   စေတိယင်္ဂဏဩဝါဒါစရိယဆရာတော် နှစ်ပါးနှင့်  စေတိယင်္ဂဏနိဗဒ္ဓအလှူခံဆရာတော် သုံးပါးတို့အား   ရွှေတိဂုံစေတီတော်  ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က ထပ်ဆင့်ဂုဏ်ပြု ပူဇော်ခြင်း “ဂုဏပူဇာ”အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် စေတီတော်ရင်ပြင်  တောင်ဘက်ရှိ ရှေးဟောင်းဗုဒ္ဓ
ရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။


ငါးပါးသီလခံယူ


အခမ်းအနားတွင်    ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်  တိပိဋကလင်္ကာရကျောင်းတိုက်မှ အဂ္ဂမဟာ  သဒ္ဓမ္မဇောတိကဓဇ  ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိထံမှ ဂေါပကအဖွဲ့ဝင် များနှင့် ဂေါပကရုံးဝန်ထမ်းများက ငါးပါးသီလခံယူ         ဆောက်တည်ကြသည်။
ထို့နောက်    ဆရာတော်အရှင်သူမြတ်များ 
ရွတ်ပွားသရဇ္ဈာယ်   ချီးမြှင့်တော်မူသော  ပရိတ် တရားတော်များကို နာယူကြည်ညိုကြသည်။


ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဂေါပက အဖွဲ့ဝင် ဦးမင်းလွင်က  ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာစကား လျှောက်ထားသည်။


ထို့နောက်  ၂၀၂၁ ခုနှစ်  နိုင်ငံတော်အစိုးရမှ 


ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းခြင်း ခံယူရရှိတော် မူခဲ့ကြသည့် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဂန္ဓမာလာဘိဝံသ အလယ်တောရကျောင်းတိုက် ဆရာတော်၊  အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ နာရဒါဘိဝံသ  ပါဠိတက္ကသိုလ်ညောင်တုန်း ကျောင်းတိုက်   လှရတနာကျောင်းဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ   ဒေါက်တာ ဘဒ္ဒန္တပညာသီဟာဘိဝံသ ပဉ္စနိကာယ ကျောင်းတိုက် ဆရာတော်၊    အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့
တံဆိပ်တော်ရ   ဘဒ္ဒန္တ အဂ္ဂသာမိ တိပိဋကာလင်္ကာရ ကျောင်းတိုက်ဆရာတော်၊   အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့ တံဆိပ်တော်ရ ဘဒ္ဒန္တပညာသာရာဘိဝံသ မင်္ဂလာရာမကျောင်းတိုက်ဆရာတော်နှင့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ  ဘဒ္ဒန္တမာနိတာ ဘိဝံသ သာသနဝံသကျောင်းတိုက်    ဆရာတော် တို့အား ဂေါပကအဖွဲ့ဝင်များက   တံဆိပ်တော်နှင့်  လှူဖွယ်ပစ္စည်းများ    ထပ်ဆင့်ဂုဏ်ပြုဆက်ကပ် လှူဒါန်းကြသည်။


အနုမောဒနာတရားနာယူ


ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဗဟန်း မြို့နယ် ညောင်တုန်းပါဠိတက္ကသိုလ်ကျောင်းတိုက် လှရတနာကျောင်း  ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ       ဘဒ္ဒန္တနာရဒါဘိဝံသထံမှ အနုမောဒနာတရားနာယူကာ     ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


သတင်းနှင့်ဓာတ်ပုံ - ကိုကိုဇော် (MNA)