ရေတာရှည်မြို့နယ်၌ မကြုံစဖူးမိုးခေါင်၍ စပါးစိုက်တောင်သူများ အခက်အခဲများစွာကြုံတွေ့နေ

 

ရေတာရှည်   ဇူလိုင်  ၂၃


ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ နယ်တွင် နှစ်ပေါင်းများစွာအတွင်း မကြုံစဖူး မိုးခေါင်နေခြင်းကြောင့် စပါးစိုက်ပျိုးထားသည့် တောင်သူ များ   အခက်အခဲများစွာ   ဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။ 

 


မိုးစပါးများ    စတင်စိုက်ပျိုး ကတည်းက   ထွန်ယက်စရိတ်များ ကြီးမြင့်ခြင်း၊ လယ်ယာလုပ်သားခ ကုန်ကျစရိတ်များ မြင့်မားခြင်းတို့ ကြုံတွေ့ရပြီး ယခုနှစ်တွင် မိုးခေါင် ခြင်းကြောင့် စပါးစိုက်ခင်းများ၌ မျိုးမပေါက်၍   ထပ်ကာထပ်ကာ စိုက်ပျိုးကြရခြင်းများ       ရှိခဲ့ရာ ထွန်ယက်ခ၊ မျိုးစရိတ်များ ထပ်မံ ကုန်ကျမှုများ     ကြုံတွေ့ခဲ့ကြ သည်။ ထို့ပြင်  စပါးပင်ဖျက်   ခရု များ ကျရောက်ခြင်းကြောင့်လည်း စပါးခင်းများကို  ထပ်မံစိုက်ပျိုးရ ကြောင်း   သိရသည်။   ယခုနှစ် စိုက်ပျိုးရာတွင်       သွင်းအားစု အတွက် ကုန်ကျစရိတ်များပြား သည့်အပြင် လက်ရှိတွင် မိုးခေါင်မှု ကြောင့် လယ်မြေများ ပက်ကြား အက်ကာ ပျိုးပင်များ   လက်ကြားခွဲ မရ၍    စပါးခင်းများ     ဖာထေးမရ ခြင်း၊    စပါးပျိုးများ   နုတ်မရ၍   မစိုက်ပျိုးနိုင်ခြင်း၊  ပေါင်းပင်များ        ပေါက်ရောက်ခြင်းအပြင်  စိုက်ပျိုး ပြီးသော           စပါးခင်းများတွင် မြေသြဇာ        ကြဲပက်၍မရခြင်း စသည်တို့ကြောင့် တောင်သူများ အနေဖြင့် စပါးအပင်ဖြစ်ထွန်းမှုနှင့် အထွက်နှုန်း    လျော့ကျမည်ကို လည်း စိုးရိမ်နေကြသည်။ 

 


“မိုးလုံးဝ   မရွာတာ  တစ်လ နီးပါးဆိုတော့         စပါးခင်းတွေ ရေပြတ်ပြီး    မြေကြီးတွေတောင် ပက်ကြားကွဲတွေ       ဖြစ်ကုန်ပြီ။ အချို့          တောင်သူတွေကတော့ ရေတင်စရာရှိလို့   ရေစုပ်စက်နဲ့ တင်ကြတယ်။    အချို့တောင်သူ တွေကျတော့   ရေတင်စရာကိုမရှိ တော့ မိုးကိုပဲ ထိုင်မျှော်ရတော့တာ ပဲ” ဟု ဒေသခံတောင်သူတစ်ဦးက ပြောသည်။ 

 


မြို့နယ်လယ်ယာမြေ    စီမံ ခန့်ခွဲရေးအဖွဲ့နှင့်  တောင်သူများ    ဇူလိုင်  ၁၈  ရက်တွင်   ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး    ဆွာဆည်တမံမှ ရေပေးဝေနိုင်ရေးတွင်          ရေ သိုလှောင်ထားခြင်း       မရှိသည့် အတွက်   ရေပေးဝေ၍  မရနိုင် ကြောင်း၊ အခြားသောနည်းလမ်း များအနေဖြင့်        လယ်ကွက်များ အတွင်း  ရေတွင်းများ   တူးဖော်၍ စက်ဖြင့်         တင်နိုင်သော်လည်း တောင်သူအများစုမှာ ကုန်ကျငွေ ကို မတတ်နိုင်ကြောင်း၊ ထို့ကြောင့်        မိုးရွာသွန်းမှသာ    တောင်သူများ အနေဖြင့်       အဆင်ပြေနိုင်မည် ဖြစ်ကြောင်း သိရသည်။


 ကိုလွင်(ဆွာ)