ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်   ဒီဇင်ဘာ    ၃၁


ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေ့နေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

 


၁-၁-၂၀၂၂ ရက်   (စနေနေ့)တွင်  ထွက်ရှိမည့် ဝီရိယနည်း၍ နမော်နမဲ့နိုင်လွန်းသော မစံပယ်၏ အကြောင်းကို ဆရာနိုဦးဇော်က ရေးသား၍ ကာတွန်း ဆူးထက်အောင် သရုပ်ဖော်ထားသည့် “နမော်နမဲ့ များကြောင့်”   မျက်နှာဖုံးကာတွန်း၊  ကလေးများ လွတ်လပ်ရေးနေ့ကို တန်ဖိုးထားထိန်းသိမ်းစောင့် ရှောက်နိုင်စေရန် လွတ်လပ်ရေး၏ အနှစ်သာရနှင့် လွတ်လပ်ရေးပြန်လည်ရယူပုံ    အကြောင်းအရာ အကျဉ်းချုပ်ကို    တင်ဆက်ထားသည့်    ဆရာ ကိုကျော်စွာ(ကျိုက်ပိ)၏ “ထိန်းသိမ်းစို့လေ လွတ်လပ် ရေးအမွေ” သုတဆောင်းပါး၊  ရိုးသားလွန်းသော မောင်ရိုးအကြောင်းကို တင်ဆက်ထားသည့် ကာတွန်းကြယ်ကြယ်၏ “အလွန်ရိုးတဲ့ မောင်ရိုး” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါး၏ ကျေးဇူးတရားကို မသိရှိဘဲ   စဉ်းစားဉာဏ်မဲ့စွာပြုမူခဲ့၍  ဒုက္ခရောက် ရသော ကျီးအကြောင်းကို   တင်ဆက်ထားသည့် ဆရာဌေးကျော်ဦး၏ “မြစ်ထဲကကျီးကန်း” ပုံပြင်၊ ဖြတ်ထိုးဉာဏ်ကောင်းသော ရန်ပိုင်စိုးအကြောင်းကို ဟာသဖြစ်ဖွယ်    တင်ဆက်ထားသည့်   ကာတွန်း စောဟန်၏  “ရန်ပိုင်စိုး”  တစ်မျက်နှာကာတွန်း၊ သစ်ပင်စိုက်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူး များကို တင်ဆက်ထားသည့် ဆရာမစုစုသော်၏ “တစ်ဆင့်စကား” ဝတ္ထု၊ အချင်းချင်း ကူညီရိုင်းပင်းကာ လုပ်ဆောင်ပါက အောင်မြင်မှုများ ရရှိနိုင်ကြောင်းကို သရက်စေ့လေးမှ အသီးအရွက်များဖြင့် ဝေဆာနေ သော သရက်ပင်ကြီးဖြစ်လာပုံဖြင့် ဥပမာပြုတင်ဆက် ထားသည့်   ကာတွန်းထွန်းထွန်းဝင်း  (ရန်ကုန် တက္ကသိုလ်)၏  “ကူညီဖေးမ တို့ဘဝ”  နှစ်မျက်နှာ ကာတွန်း၊ လုပ်ဆောင်ဖွယ်ရာကိစ္စများကို ဆောင်ရွက် ရာ၌ တစ်ဦးနှင့်တစ်ဦး နားလည်မှုထားကာ ဝိုင်းဝန်း လုပ်ဆောင်ပါက အရာရာအောင်မြင်နိုင်ကြောင်းကို တင်ဆက်ထားသည့် ကာတွန်းရွှေရိုး၏ “စိုးကြီး” နှစ်မျက်နှာကာတွန်း၊ Noun များ၏ ပိုင်ဆိုင်မှုများ အကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ တင်ဆက် ထားသည့် အင်္ဂလိပ်စာသင်ခန်းစာ ကဏ္ဍ၊ ဉာဏ်စမ်း နှင့်   ကဗျာကဏ္ဍတို့အပါအဝင်   ကဏ္ဍစုံလင်စွာ ထွက်ရှိပြီဖြစ်ပါသည်။

သတင်းစဉ်