
နေပြည်တော် နိုဝင်ဘာ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိ လျက်ရှိသည်။
နိုဝင်ဘာ ၂၇ ရက် (စနေနေ့)တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ်တွင် အဘိုးလှိုင်၏ သူ၏မြေးများကို အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်း ရှင်းပြပုံကို သရုပ်ဖော်ထားသည့် “ အမျိုးသားအောင်ပွဲနေ့” မျက်နှာဖုံးကာတွန်း၊ အနောက်ဥရောပနိုင်ငံများတွင်သာမက အာရှတိုက်ရှိ နိုင်ငံများအထိပါ နေရာယူလာသော ပီဇာအစားအစာအကြောင်းကို တင်ဆက်ထားသည့် “ကမ္ဘာအနှံ့ ခြေဆန့်တဲ့ ပီဇာ” သုတဆောင်းပါး၊ ကိုထက်၏ သရက်သီးစားနိုင်ရန် အကြံပေးမှုအပေါ် အချက်ကျကျ ပြန်လည်တုံ့ပြန်လိုက်နိုင်သော ဖြိုးရဲအကြောင်းကို သရုပ်ဖော်ထားသည့် “ ဖြိုးရဲ” နှစ်မျက်နှာကာတွန်း၊ ကျား၊ မျောက်၊ ယုန်နှင့် ညစောင့်ကြီးတို့ အကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ဒေဝေါဆိုတာ ဘာကောင်လဲ” ပုံပြင်ကဏ္ဍ ၊ မိုးပျံပူဖောင်းလွှတ်နေသော အာတူးကို သရုပ်ဖော်ထားသည့် တစ်မျက်နှာ ကာတွန်း၊ သားဖြစ်သူနှစ်သက်လွန်း သဖြင့် မိဘက အကြွေးဖြင့် ဝယ်ပေးသော ဘောလုံးကန်ဖိနပ်ကိုမယူဘဲ ဆိုင်ကိုပြန်သွားသွင်းလိုက်သည့် သားလိမ္မာလေး အောင်အောင် အကြောင်းကို ရေးဖွဲ့ထားသည့် “ဖိနပ်ကလေးတစ်ရန်” ဝတ္ထုကဏ္ဍ အပါအဝင်ဉာဏ်စမ်းကဏ္ဍ၊ အင်္ဂလိပ်စကားဝိုင်းကဏ္ဍနှင့်ကဗျာကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ပါသည်။
သတင်းစဉ်