ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်   စက်တင်ဘာ   ၉


ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်  စနေနေ့တိုင်း   ရွှေသွေးဂျာနယ်ကို  ထုတ်ဝေ ဖြန့်ချိလျက်ရှိသည်။ 

 


၁၀-၉-၂၀၂၂ ရက်(စနေနေ့)တွင် ထွက်ရှိ မည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၃၇) တွင် မုဆိုးများ၏ ထောင်ချောက်ထဲတွင် ဖမ်းမိ ထားသော  တိရစ္ဆာန်များကို   ကယ်တင်ပေးခဲ့ သော မျောက်ဖိုးစိန်အကြောင်းကို   တင်ဆက် ထားသည့်   “ဖိုးစိန်က  မျောက်တော့မျောက်” မျက်နှာဖုံးကာတွန်းဇာတ်လမ်း၊    ရာသီဥတု ဖောက်ပြန်ခြင်းနှင့် ဆက်စပ်နေသည့် အိုဇုန်း လွှာပျက်စီးရခြင်း  အကြောင်းရင်းများနှင့်အတူ ကမ္ဘာမြေကြီး    စိမ်းလန်းစိုပြည်ရန်အတွက် လူသားအားလုံးတွင်  တာဝန်ရှိပုံကို  ရေးသား တင်ပြထားသည့်   “အိုဇုန်းလွှာအကြောင်း သိကောင်းစရာ”  သုတကဏ္ဍ၊  ယုန်ပညာရှိက ဆင်နှင့်ဝေလငါးတို့၏  မာနများကို လျှော့ချစေ ပြီး ကိုယ်စီခွန်အားရှိသော အကြောင်းကို သရုပ် ဖော်ထားသည့် “ခွန်အားဆိုသည်မှာ” နှစ်မျက်နှာ ကာတွန်း၊   သူငယ်ချင်းက  အသားဖြူချင်၍ နွားနို့သောက်သော်လည်း   အသားမဖြူဘဲ မည်းနေသည့်အကြောင်းကို    လင်းသစ်အား မေးမြန်းသည့်အခါ ဟာသလုပ်၍ ပြန်ဖြေပေးပုံကို တင်ဆက်ထားသည့် “လင်းသစ်” တစ်မျက်နှာ ကာတွန်း၊    စက်တင်ဘာလ  ၁၆  ရက်တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ရေး နေ့အကြောင်းနှင့် အိုဇုန်းလွှာပျက်စီးစေခြင်း အကြောင်းရင်းများကို တင်ဆက်ထားသည့် “ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ရေးနေ့” နှစ်မျက်နှာ ကာတွန်း၊ မိုးတွင်းကာလ ရေမျောလာသော ထင်းတွေဆယ်ရာမှ  ငန်းမြွေကြီးကပ်ပါလာ သည့်အကြောင်း တင်ဆက်ထားသည့် “ရေမျော သစ်” နှစ်မျက်နှာကာတွန်း၊ နတ်ပြည်ကို တက် ကြည့်ချင်၍ အာကာသယာဉ်မှူးဖြစ်အောင် ကြိုးစားမည့် ဖိုးလပြည့်အကြောင်းကို တင်ဆက် ထားသည့် “ဖိုးလပြည့်” မျက်နှာဝက်ကာတွန်း၊ အင်္ဂလိပ်စာသင်ခန်းစာ  ကဏ္ဍ၊   ဉာဏ်စမ်းကဏ္ဍ၊ ဝတ္ထုကဏ္ဍ၊  ပုံပြင်ကဏ္ဍနှင့်  ကဗျာကဏ္ဍတို့ အပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့်  စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။


သတင်းစဉ်