
နေပြည်တော် စက်တင်ဘာ ၂
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ် စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိလျက်ရှိသည်။
၃-၉-၂၀၂၂ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ် (၃၆) တွင် မည်သူ့အပေါ်တွင်မဆို မေတ္တာ၊ စေတနာထား တတ်ပါက သူတစ်ပါးအတွက်သာမက မိမိတွင် လည်း ကောင်းကျိုးရလဒ်များရရှိပုံအကြောင်း တင်ဆက်ထားသည့် “နာမည်တူစုံတွဲ” မျက်နှာဖုံး ကာတွန်း၊ ဆေးရောင်ခြယ်ပန်းချီကို ရေးဆွဲရခြင်း အကြောင်းကို ၎င်း၏အရေးပါအရာရောက်ပုံ အကြောင်း တင်ဆက်ထားသည့် “ဆေးရောင်ခြယ် ပန်းချီဆွဲခြင်းအနုပညာ” သုတဆောင်းပါး၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီ လက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေး တို့လက်ရာ” ကဏ္ဍ၊ ပန်းသီးအလုံးအကြီးကို မရလိုက်သော အာနိုးအကြောင်း ရေးဖွဲ့ထားသည့် “ ဖြိုးရဲ - လောဘ” နှစ်မျက်နှာကာတွန်း၊ ကျေးဇူးရှင်အပေါ် ကျေးဇူးမသိတတ်ရုံမက ကျေးဇူးကန်းသော အပြုအမူကို ပြုမူလိုက်သည့် လောဘကြီးသော ငါးဖမ်းသမား အဘိုးအို အကြောင်း တင်ဆက်ထားသည့် “ လောဘ ကြီးတဲ့ ငါးဖမ်းသမားအဘိုးအိုနဲ့ ခါဟာငှက်ကြီး” ပုံပြင်ကဏ္ဍ၊ တစ်ရာတွင် ငါးပြားစေ့ ဘယ်နှစေ့ ရှိသည်ကို မသိသော ကီးကီးအကြောင်း ရေးဖွဲ့ ထားသည့် “ကီးကီးနှင့်ဂျိုးဂျိုးလေး” တစ်မျက်နှာ ကာတွန်း၊ ဘောလုံးကစားနည်းသည် တစ်ဦး တစ်ယောက်ကောင်း ကစား၍မရဘဲ တစ်သင်း လုံးက အားကစားစိတ်ဓာတ်အပြည့်ဖြင့် အချိတ် အဆက်မိမိ ကစားရပုံအကြောင်းနှင့် တစ်ကိုယ် ကောင်းစိတ်ဖြင့် ကစားမိရာက ရှုံးပွဲဖြင့် ရင်ဆိုင် ရသော ကျောင်းသားတစ်ယောက်အကြောင်း တင်ဆက်ထားသည့် “အားကစားနှင့် အားကစား စိတ်ဓာတ်” ဝတ္ထုတိုကဏ္ဍ၊ မြန်မာတို့၏ တော်သလင်းလအချိန်တွင် မြန်မာ့ရိုးရာ လှေပြိုင်ပွဲကို စည်းလုံးညီညွတ်စွာဖြင့် ကျင်းပ ကြပုံအကြောင်းရေးဖွဲ့ထားသည့် “ ယင်းမာ ကြိုင်သင်း တော်သလင်း” ကဗျာကဏ္ဍ အပါ အဝင် ဉာဏ်စမ်းကဏ္ဍနှင့် အင်္ဂလိပ်စကားဝိုင်း ကဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင် လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ် အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်