ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်း ဒါနပါရမီ စုပေါင်းသွေးလှူဒါန်း

 

နေပြည်တော်    ဖေဖော်ဝါရီ    ၁၃


(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြု သောအားဖြင့် ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတ အသင်း၏ ဒါနပါရမီစုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဆေးရုံ ကြီး(ခုတင်-၁၀၀၀)၌ ကျင်းပသည်။

 


အဆိုပါ   သွေးလှူဒါန်းပွဲကို   ရွှေပြည်တော်သို့ ဆုံမှတ် ပရဟိတအသင်းမှ အသင်းသား အသင်း သူများနှင့် သွေးလှူရှင်များ၊ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ဌာနကြီးမှူး ဗိုလ်မှူးကြီး ဒေါက်တာ ဒေါ်စိုးစိုးမြင့်နှင့်  တာဝန်ရှိသူများ တက်ရောက်ကြ သည်။ သွေးလှူဒါန်းပွဲတွင် လာရောက်လှူဒါန်းကြ သည့် သွေးအလှူရှင်များအား တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး အာဟာရဖြည့်စွက်စာ များနှင့် အားဆေးများ ထောက်ပံ့ပေးအပ်သည်။

 


ရွှေပြည်တော်သို့ဆုံမှတ်     ပရဟိတအသင်း၏ ဒါနပါရမီစုပေါင်းသွေးလှူဒါန်းပွဲသည် ယခုအကြိမ် အပါအဝင် (၈) ကြိမ်မြောက်ဖြစ်ပြီး ယခင်အကြိမ် များမှာ ရန်ကုန်ရှိ သွေးလိုအပ်နေသော ဆေးရုံကြီးများ တွင်   သွားရောက်လှူဒါန်းခဲ့ပြီး   ယခုအကြိမ်သည် နေပြည်တော်တွင်ကျင်းပသော စိန်ရတုပြည်ထောင်စုနေ့ ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရှိ တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် လာရောက်လှူဒါန်း ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်