ရွှေပြည်သာမြို့နယ် ဝါးတရာသစ်အ‌ခြေခံစက်မှုဇုန်ရှိ သစ်လောင်စာတောင့်စက်ရုံလုပ်ငန်းလည်ပတ်မှု ကြည့်ရှုစစ်ဆေး

 

ရန်ကုန်   အောက်တိုဘာ   ၄


ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးစိုးသိန်းနှင့်  တိုင်းဒေသကြီးဝန်ကြီးများသည်   ယနေ့မွန်းလွဲပိုင်းက ရွှေပြည်သာမြို့နယ် ဝါးတရာသစ်အခြေခံစက်မှုဇုန်ရှိ ပုဂ္ဂလိက (ZZZ) ဇက်သုံးလုံး သစ်လောင်စာတောင့် လုပ်ငန်း (Biomass Wood Pellets) လည်ပတ် နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

 


လိုက်လံရှင်းလင်းပြသ


‌လုပ်ငန်းခွင်သို့ရောက်ရှိစဉ်  မြန်မာ့သစ်လုပ်ငန်း သစ်အ‌ခြေခံစက်မှုလုပ်ငန်းဌာနမှ         အထွေထွေ မန်နေဂျာ    ဦးဝင်းနိုင်နှင့်    သစ်လောင်စာတောင့် လုပ်ငန်းလုပ်ကိုင်သူ ပုဂ္ဂလိကလုပ်ငန်းရှင် ဦးဇော် မင်းဦးတို့က   သစ်ပါးလွှာစက်ရုံများမှ    ဘေးထွက် သစ်ပါးလွှာအမှိုက်များကို စက်ပစ္စည်းများ အသုံးပြု ကာ အဆင့်လေးဆင့်ဖြင့် ဆောင်ရွက်ပြီး သစ်လောင် စာတောင့် စမ်းသပ်ထုတ်လုပ်နေမှုများကို လုပ်ငန်းခွင် အတွင်း လိုက်လံရှင်းလင်းပြသသည်။

 


ထို့နောက်   မြန်မာ့သစ်လုပ်ငန်း   အမှတ်(၉)သစ်စက်၏     အစည်းအဝေးခန်းမ၌    အထွေထွေ မန်နေဂျာက သစ်လောင်စာတောင့်နှင့် ပတ်သက်၍ ထုတ်လုပ်မှုနည်းစဉ်၊   အသုံးချမှု၊   ကမ္ဘာ့ဈေးကွက် အခြေအနေ၊    အားသာချက်နှင့်  အားနည်းချက်များ ကိုလည်းကောင်း၊    လုပ်ငန်းလုပ်ကိုင်သူက ရေနံဆီ၊ ဓာတ်ဆီ၊    ဒီဇယ်ဆီများထက်   ဈေးသက်သာပြီး    ကိုင်တွယ်အသုံးပြုရာတွင် ပိုမိုအဆင်ပြေ၍ လေလွင့် ဆုံးရှုံးမှု   အနည်းဆုံးဖြစ်ပြီး  သဘာဝပတ်ဝန်းကျင် နှင့်    လိုက်လျောညီထွေကာ  လေထုညစ်ညမ်းမှု မရှိကြောင်းများကို  အသေးစိတ် ရှင်းလင်းတင်ပြ ကြသည်။

 


ယင်းနောက်     တိုင်းဒေသကြီးဝန်ကြီးချုပ်က     ပြည်သူများ  အသုံးပြုလာနိုင်အောင်  အားနည်းချက် များကို သေချာလေ့လာ၍ အားသာချက်များအဖြစ်   ပြောင်းလဲရန်၊    ထို့ပြင်  ကမ္ဘာ့နိုင်ငံများသို့  တင်ပို့ ရောင်းချနိုင်ရေးထုပ်ပိုးမှု၊ ကုန်ပစ္စည်းများ ရေရှည် ခံနိုင်ရှည်ရှိရေးတို့အတွက် ကြိုးစားဆောင်ရွက်ကြရန် နှင့်  လိုအပ် သည်များကို        တိုင်းဒေသကြီးအစိုးရအဖွဲ့က  ဖြည့်ဆည်းဆောင်ရွက်ပေးမည့်      အစီအစဉ်များကို ပြောကြားပြီး သစ်‌လောင်စာတောင့်  စမ်းသပ်ပြသ မှုကို  ကြည့်ရှုကြောင်း သိရသည်။


ဆန်းကျော်ဦး(ပြန်/ဆက်)