
ရန်ကုန် အောက်တိုဘာ ၂၇
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ သည် ယနေ့ နံနက်ပိုင်းတွင် အင်းစိန်မြို့နယ် စံပြချမ်းမြေ့ စည်ပင်ဝန်ထမ်းအိမ်ရာ ဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ဈေးရောင်းချ နေမှု၊ ရွှေပြည်သာစက်မှုဇုန် အမှတ်(၂)၊ (၃)၊ (၄)၊ စီမံခန့်ခွဲ ရေးရုံး၌ စက်မှုဇုန်တာဝန်ရှိသူ များနှင့်တွေ့ဆုံ၍ စက်မှုဇုန် ဖွံ့ဖြိုးရေးနှင့် ရေစီးရေလာကောင်း မွန်ရေးနှင့် ရေပေးဝေရေးလုပ် ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ပြီး အင်းစိန်မြို့နယ် အောင်ဆန်းမြို့ တောရတပ်ဦးကျောင်းတိုက်သို့ သွားရောက်၍ ကမ္ဘာ့ဗုဒ္ဓသာသနာ ပြု အောင်ဆန်းဆရာတော် အဂ္ဂ မဟာ ကမ္မဌာနာစရိယ ဒေါက်တာ
ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ အမှူးပြု သော ဆရာတော်၊ သံဃာတော် များအား ဆွမ်းဆန်တော်နှင့် ဆီတို့ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်