
နေပြည်တော် နိုဝင်ဘာ ၂၉
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ရေဖြူမြို့နယ် အလယ်စခန်း ကျေးရွာရှိ မလွှဲတောင်ပူးပေါင်း စစ်ဆေးရေးစခန်း၌ အောင်မင်းဦး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅၀ ကိုလည်းကောင်း၊ ယင်းနေ့မွန်းလွဲ ၃ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ် (ဂ) ရပ်ကွက် သံသုမာလမ်းနှင့် လွတ်လပ်ရေး လမ်းထောင့်တွင် ဝေယံထွန်း (ခ) မွတ်စလင်း ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ ကို သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ် (ဂ) ရပ်ကွက် ဘောဂလမ်းရှိ အောင်ထွန်းနိုင် (ခ) အဝိုက်စ်၏ နေအိမ်တိုက်ခန်းကို ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၂၅ ပြားကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက် ပါလျှံ (၂) လမ်းရှိ စိုင်းစိ နိုင် (ခ) အားနမ် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ကျမူးနှင့် အားလင် တို့ကို တွေ့ရှိ ပြီး စိတ်ပြောင်းဆေးဝါးများ ဖြစ်ကြသည့် Happy Water သုည ဒသမ ၀၈၁ ကီလို၊ ကတ်တမင်း သုည ဒသမ ၄၅ ကီလိုနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀ ၊ ၉ မမ ပစ္စတို သေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ၎င်းကျည် ၁၀ တောင့်တို့ကို လည်းကောင်း။
နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် နောင်ချိုမြို့ ပါဟတ်ရပ်ကွက် အိုရီယမ်တယ် တိုးဂိတ်အနီး မန္တလေး-လားရှိုး သွားကားလမ်းတွင် ဆိုင်းယော် မောင်းနှင်ပြီး နော်မိုင် လိုက်ပါ လာသည့် TOYOTA BB အမျိုး အစားမော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂ ဒသမ ၇၅ ကီလိုနှင့် စိတ်ကြွရူးသွပ် ဆေးပြား ၂၄၀၀၀ တို့ကို သိမ်း ဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား