ရေနံချောင်းမြို့နယ်၌ သက်ကြီးဘိုးဘွားများနှင့် ပြည်သူများ အပူဒဏ်အန္တရာယ်ခံစားမှုလျော့နည်းစေရေး အပူရှောင်စခန်းနှစ်ခု ဖွင့်လှစ်

 

ရေနံချောင်း   မေ   ၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန   ရေနံချောင်း မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ ကလေးသူငယ်များနှင့် ပြည်သူများ  အပူဒဏ် အန္တရာယ်ခံစားရမှု လျော့နည်းသက်သာစေရန် အတွက်  မေ ၃ ရက်   နံနက်ပိုင်းမှ   စတင်၍   ပူရှောင်စခန်းနှစ်ခုကို ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
အဆိုပါ အပူရှောင်စခန်း  နှစ်ခုကို   မြို့မ မြောက်ရပ်ကွက် သာသနာ့မဏ္ဍိုင်ဘုန်းတော် ကြီးကျောင်းဝင်းနှင့် တွင်းကုန်းရပ်ကွက် ရွာဦး ဘုန်းတော်ကြီးကျောင်းဝင်းတို့တွင်   ဖွင့်လှစ် ထားရှိပြီး အပူရှောင်လာရောက်သူများအား အအေးဖျော်ရည်များ    တိုက်ကျွေးခြင်းနှင့် ထန်းလျက်များ   ဧည့်ခံကျွေးမွေးခြင်း၊   သွေး ပေါင်ချိန်တိုင်းတာပေးခြင်း၊   ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများကို သက်ဆိုင်ရာဌာန များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်   မိုးကြို ကာလများတွင် ဖြစ်ပွားတတ်သော  လေပြင်း ဘေးအန္တရာယ်နှင့်    မိုးကြိုးဘေးအန္တရာယ် အသိပညာပေးပိုစတာများ ချိတ်ဆွဲပြသခြင်းတို့ ပြုလုပ်ခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ကြည်ပြာစိုးထံမှ သိရသည်။
ရေနံချောင်းမြို့နယ်၌ ယခင်ရက်များက အပူချိန်များ မြင့်တက်ခဲ့ပြီး ယခုဖွင့်လှစ်သည့် အပူရှောင်စခန်း နှစ်ခုကို တစ်လကြာ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်းနှင့် ယမန်နှစ်ကလည်း အပူရှောင်စခန်းများ     ဖွင့်လှစ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။        မြို့နယ် (ပြန်/ဆက်)