
နေပြည်တော် ဖေဖော်ဝါရီ ၁၅
မွန်ပြည်နယ် ရေးမြို့နယ် တောင်ဘုံကျေးရွာအနီး တောင်ဘုံ - အာယုတောင်သွား ကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား တစ်စင်းအား အကြမ်းဖက်မှု ကို လိုလားသည့် အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၁ နာရီ တွင် မွန်ပြည်နယ် ရေးမြို့နယ် တောင်ဘုံကျေးရွာအနီး တောင်ဘုံ - အာယုတောင်သွား ကားလမ်းပေါ်ရှိ အလျား ၃၈ ပေ၊ အနံ ၁၈ ပေ ခန့်ရှိ သံကူကွန်ကရစ် တံတားတစ်စင်းအား အကြမ်းဖက်မှုကို လိုလားသည့် အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် တံတား၏ ဝဲ/ယာလက်ရန်း နှစ်ဖက်၊ ကမ်းကပ်ခုံ၊ တံတား၏ အလယ်တည့်တည့် တို့တွင် အနည်းငယ်ပျက်စီးခဲ့ပြီး ယာဉ်ဖြတ်သန်း သွားလာမှုများ ပြတ်တောက်ခဲ့ခြင်းမရှိကြောင်း သိရ သည်။
အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် တံတားအား တာဝန်ရှိသူများက အများပြည်သူပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက် လျက်ရှိပြီး အကြမ်းဖက်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်