ရေလုပ်ငန်းသို့ ပို့ဆောင်၍ လုပ်အားခများ ခေါင်းပုံဖြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်အသီးသီးချမှတ်

 

နေပြည်တော်    ဒီဇင်ဘာ   ၂၁


ရေလုပ်ငန်းသို့ ပို့ဆောင်၍ လုပ်အားခများ     ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့်   အလုပ်နှင့်ထောင်ဒဏ်   အသီးသီးချမှတ်ခဲ့ ကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့ မှ သိရသည်။

 


ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်နေ       ဒေါ်မိုးမိုး   (ခ) မိုးမိုးလတ်နှင့်      ဒေါ်မြင့်မြင့်သန်းတို့က တစ်ရပ်ကွက်တည်း နေ ဦး---- (၄၁ နှစ်)နှင့် မောင်---- (၁၅ နှစ်)တို့အား      ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ပါက     တစ်လလျှင်   တစ်သိန်း နှစ်သောင်းကျပ်     ရရှိမည်။      ကြိုတင်ငွေ ခြောက်သိန်းကျပ်ရရှိမည်ဟု စည်းရုံးပြောဆို ၍   ဖျာပုံမြို့နယ်   နောက်မြီးကျေးရွာရှိ    “စွမ်းမြတ်ကျော်”  ရေစင်သို့   ပို့ဆောင်ကာ     လုပ်အားခများအား ခေါင်းပုံဖြတ်ရယူခဲ့သဖြင့်    ဝေဘာဂီနယ်မြေရဲစခန်း (ပ) ၂၁၁၉/ ၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၅/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး အရှေ့ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာဒီဇင်ဘာ ၁၄ ရက်တွင် တရားခံ ဒေါ်မြင့်မြင့်သန်းအား    လူကုန်ကူးမှု  တားဆီးကာကွယ်ရေးဥပဒေ   ပုဒ်မ  ၂၄ အရ      ထောင်ဒဏ် ၁၀ နှစ်နှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၅ အရ ထောင်ဒဏ် ခုနစ်နှစ်၊ ပြစ်ဒဏ် နှစ်ရပ်အား တစ်ပေါင်းတည်းကျခံစေရန်နှင့် ဒေါ်မိုးမိုး (ခ) မိုးမိုးလတ် ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ အရ    ထောင်ဒဏ် ၁၀ နှစ်နှင့်   လူကုန်ကူးမှု  တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ   ၂၅/၃၂  အရ   ထောင်ဒဏ်  ငါးနှစ်၊   ပြစ်ဒဏ်နှစ်ရပ်ကို တစ်ပေါင်းတည်း   ကျခံစေရန်   အမိန့်ချမှတ်ခဲ့ ကြောင်း သိရသည်။                  

သတင်းစဉ်