ရွှေကူမြို့နယ်၊ အောက်(၄) လမ်းဆုံရှိ ကိုဗစ်-၁၉ ပူးပေါင်းစစ်ဆေးရေးဂိတ်ကို  အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်

 

 

နေပြည်တော်   နိုဝင်ဘာ   ၂၃
ရပ်ရွာအေးချမ်းသာယာရေးအတွက် နယ်မြေလှည့်ကင်း ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ စခန်းများကို   အကြမ်းဖက်  လက်နက်ကိုင်အဖွဲ့များက  မြို့နယ်အချို့၌ လက်လုပ်မိုင်း၊  လက်နက်ကြီး၊ လက်နက် ငယ်များဖြင့်  ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ နိုဝင်ဘာလ  ၂၂  ရက်နေ့ ည ၈ နာရီ ၂၅ မိနစ်တွင် ကချင်ပြည်နယ်၊ ရွှေကူ မြို့နယ်၊  အောက် (၄) လမ်းဆုံရှိ ကိုဗစ်-၁၉ ပူးပေါင်းစစ်ဆေး ရေးဂိတ်၌  လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား  ၃၀  ခန့်က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက    ပြန် လည်ခုခံပစ်ခတ်ခဲ့ရာ ၁၀ မိနစ်အကြာတွင် အကြမ်းဖက် အဖွဲ့များ  ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။ 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရပ်ရွာအေးချမ်း သာယာ ရေးနှင့်    အများပြည်သူ၏  ကျန်းမာရေးလုပ်ငန်းများအတွက်  နယ်မြေလုံခြုံရေး   ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် လက်နက် ကိုင်အဖွဲ့များအား   နယ်မြေခံတပ်မတော်  စစ်ကြောင်း များနှင့်ပူးပေါင်း၍       လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်