ရွှေကျင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများကို ကြည့်ရှုအားပေး

 

နေပြည်တော်   အောက်တိုဘာ    ၃


ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှု   ခံယူလျက်ရှိသော  အရာရှိ၊   စစ်သည်၊   မိသားစုများနှင့် ဒေသခံပြည်သူများအား   အောက်တိုဘာ  ၂  ရက်   မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်   တိုင်းမှူး   ဗိုလ်မှူးချုပ်    ထိန်ဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေ အနေများကို    ရင်းရင်းနှီးနှီး     မေးမြန်းအားပေးစကားပြောကြားပြီး  စားသောက်ဖွယ်ရာများ ပေးအပ်သည်။


ထို့နောက်  ဒုတိယဗိုလ်ချုပ်ကြီးနှင့် အဖွဲ့ဝင်များသည်  ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍    လိုအပ်သည်များ     ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်