
နေပြည်တော် အောက်တိုဘာ ၇
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ A-1 ဧရိယာတွင် Enviromental Imapct Assessment (EIA) Survey လုပ်ငန်းများအား MV.PACIFIC PANDA ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာကို ဖော်ပြ သည့် Coordinate များဖြစ်သော Point A မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၆ မိနစ် ၀၀.၀၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၀၉၂ ဒီဂရီ ၁၉ မိနစ် ၀၀.၀၀ စက္ကန့်၊ Point B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၆ မိနစ် ၀၀.၀၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၀၉၂ ဒီဂရီ ၃၈ မိနစ် ၀၀.၀၀ စက္ကန့်၊ Point C မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၂ မိနစ် ၀၀.၀၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၀၉၂ ဒီဂရီ ၁၉ မိနစ် ၀၀.၀၀ စက္ကန့်နှင့် Point D မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၂ မိနစ် ၀၀.၀၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၀၉၂ ဒီဂရီ ၃၇ မိနစ် ၀၀.၀၀ စက္ကန့်တို့ အတွင်းတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ပါ သည်။
သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ် A-1 ဧရိယာတွင် Environmental Impact Assessent (EIA) Survey လုပ်ငန်းများ အား MV. PACIFIC PANDA ဖြင့် လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေး အတွက် အထက်ဖော်ပြပါ တည်နေရာများမှ (၄) ကီလိုမီတာ ပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notic to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန် များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနက အသိပေးကြေညာထားကြောင်း သတင်းရရှိ သည်။
သတင်းစဉ်