
၁။ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော MPRL E&P Pte Ltd. သည် ကမ်းလွန် လုပ်ကွက်အမှတ် A-6 တွင် Pyitharyar Integrated Project အရ Geophysical and Shallow Geotechnical Site Investigation Survey လုပ်ငန်းများကို တိုင်းတာရေးရေယာဉ် "SS BARAKUDA" (Call Sign: PNTI) ဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်မှ ၂၀၂၃ ခုနှစ်၊ မေလ ၂၀ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ရည်ညွှန်းပါစာဖြင့် ညှိနှိုင်းမေတ္တာရပ်ခံခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ အဆိုပါနေ့ရက်တွင် လုပ်ငန်းများ မပြီးပြတ်သေးပါသဖြင့် Geophysical and Shallow Geotechnical Site Investigation Survey လုပ်ငန်းများအား ၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့အထိ ဆက်လက် ဆောင်ရွက်မည်ဖြစ်ပါသည်။
၂။ Geophysical and Shallow Geotechnical Site Investigation Survey လုပ်ငန်းများ ဆောင်ရွက်မည့် ဧရိယာအကျယ်အဝန်းများ ကို ဖော်ပြသည့် Coordinate များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်-
Point Latitude Longitude
A 16.54' 36.59" N 93. 52' 00.99" E
B 16. 58' 54.54" N 93. 58' 20.28" E
C 16. 42' 33.80" N 94. 08' 22.23" E
D 15. 28' 11.46" N 94. 01' 22.72" E
E 15. 06' 50.02" N 94. 53' 12.10" E
F 14. 58' 38.22" N 94. 46' 56.59" E
G 15. 23' 03.51" N 93. 51' 47.63" E
H 16. 41' 49.82" N 94. 01' 03.87" E
၃။ သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် Pyitharyar Integrated Project အရ Geophysical and Shallow Geotechnical Site Investigation Survey လုပ်ငန်းများကို တိုင်းတာရေးရေယာဉ် "SS BARAKUDA" (Call Sign: PNTI) ဖြင့် ၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့အထိ လုပ်ငန်းဆောင်ရွက် နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ ဧရိယာအကျယ်အဝန်းများမှ (၄) ကီလိုမီတာပတ်လည်အတွင်း ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထား ခြင်းမရှိစေရန် ရေကြောင်းသတိပေးချက် (Notice to Mariners) အား ထုတ်ပြန်ကြေညာလိုက်သည်။
သတင်းစဉ်