ရွှေစင်တုံးနှင့် ရွှေစင်ခဲ သုံးပိဿာစီကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်

 

နေပြည်တော်    စက်တင်ဘာ   ၂၈ 


ရွှေစင်တုံးနှင့် ရွှေစင်ခဲ သုံးပိဿာစီကို စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီမှ  ညနေ ၃ နာရီအတွင်း သတ်မှတ်ထားသော တင်ဒါပုံစံဖြည့်စွက်လျက် ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။ 

 


အဆိုပါ ရွှေစင်တုံးနှင့် ရွှေစင်ခဲ သုံးပိဿာစီကို  ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ     မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်(ရန်ကုန်)နှင့်  မန္တလေးမြို့  ၂၆ လမ်းနှင့်  ၆၆ လမ်း ထောင့်ရှိ Star Mart Mandalay တို့တွင် ရောင်းချသွားမည်ဖြစ် ကြောင်း၊   မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း နေပြည်တော် (ရုံးချုပ်)၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (ရန်ကုန်)  နှင့်   မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း(မန္တလေးစခန်းရုံး) တို့တွင်    အသေးစိတ်အချက် အလက်များကို စုံစမ်းနိုင်ကြောင်း သိရသည်။

 


အလားတူ ရွှေဒင်္ဂါးပြားများရောင်းချခြင်းကိုလည်း ယခင် အတိုင်း ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်