ရေစကြိုမြို့နယ် ကိုရင့်ကျေးရွာကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း မဟုတ်မမှန်စွပ်စွဲရေးသား

 

နေပြည်တော်  ဩဂုတ်  ၇
မကွေးတိုင်းဒေသကြီး   ရေစကြို မြို့နယ်  ကိုရင့်ကျေးရွာကို ဩဂုတ် ၆     ရက်က    လုံခြုံရေးပူးပေါင်း တပ်ဖွဲ့ဝင်များက  မီးရှို့ဖျက်ဆီးခဲ့ မှုကြောင့် နေအိမ် ၂၃ လုံး မီးလောင် ပျက်စီးခဲ့သည်ဟု    တရားမဝင် ပြည်ဖျက်မီဒီယာများက   မဟုတ် မမှန် စွပ်စွဲရေးသားထားသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ဩဂုတ် ၆ ရက်က  ရေစကြိုမြို့နယ် ကိုရင့် ကျေးရွာအတွင်း    PDF  အမည်ခံ အကြမ်းဖက်သမားများ  ရောက်ရှိ လာပြီး  ၎င်းတို့လက်နက်ဝယ်ယူ ရန်အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်တစ်သိန်းခွဲ  ပေးဆောင် ရမည်ဟု ကျေးရွာနေပြည်သူများ ထံမှ  အဓမ္မကောက်ခံနေကြောင်း ကို ၎င်းတို့အား  အားပေးထောက်ခံ ခြင်းမရှိသည့်   ကျေးရွာသားများ က   သတင်းပေးပို့ခဲ့သည့်အတွက် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များ က လိုအပ်သည့်  နယ်မြေလုံခြုံရေး လုပ်ငန်းများ   ဆောင်ရွက်နေစဉ်  ကျေးရွာအတွင်းမှ  PDF အမည်ခံ အကြမ်းဖက်သမား      များက လက်နက်ငယ်များဖြင့်     စတင် ပစ်ခတ်ခဲ့သည့်အတွက် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ  အကြမ်း ဖက်သမားများက     ကျေးရွာ အတွင်း    နေအိမ်များကို   မီးရှို့ ထွက်ပြေးသွားခဲ့ကြောင်း   လုံခြုံ ရေး        တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာ များက ယခုကဲ့သို့  နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး  ဒေသခံပြည်သူ များထံမှ  အဓမ္မငွေကြေးကောက်ခံ နေသည့် PDF အမည်ခံ အကြမ်း ဖက်သမားများ၏    အကြမ်းဖက် လုပ်ရပ်များကို     ဖုံးကွယ်ကာ တစ်ဖက်သတ်စွပ်စွဲရေးသားထား သည့် သတင်းတု၊ သတင်းအမှား များဖြင့် ပြည်သူများ အထင်အမြင် လွဲမှားစေရန် လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း   သတင်း ရရှိသည်။      
သတင်းစဉ်