
နေပြည်တော် ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပခန်းငယ်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း (ပခန်းငယ်) ၌ စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား ကျောင်းသူများအား လုံခြုံရေးတပ်ဖွဲ့ဝင် များက လုံခြုံရေး ဆောင်ရွက်ပေးလျက် ရှိစဉ် ယနေ့ နံနက် ၁၀ နာရီခွဲတွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမား များသည် ကျေးရွာ၏မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
အဆိုပါ အကြမ်းဖက်သမားများသည် ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ ဆရာမများနှင့် စာမေးပွဲဖြေဆိုနေ သည့် ကျောင်းသား ကျောင်းသူများ၏ အသက်အန္တရာယ်ထိခိုက်စေရန်နှင့် ပညာ သင်ကြားမှုကို ခြိမ်းခြောက်ဟန့်တားရန် ရည်ရွယ်၍ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ အဆိုပါ အကြမ်းဖက်သမားများ အား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။ သတင်းစဉ်