ရွှေဘိုမြို့နယ်အတွင်း မိုးစပါးစိုက်ဧက တစ်သိန်းကျော်အနက် မျိုးသန့်မျိုးပွားမျိုးစေ့ စိုက်ဧက ၁၀၄၀ စိုက်ပျိုးနိုင်ခဲ့

 

ရွှေဘို   နိုဝင်ဘာ  ၂၁


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ နယ် ချီပါမျိုးသန့်ခြံရှိ လုပ်ငန်း ဆောင်ရွက်နေမှုများကို    တိုင်း ဒေသကြီးဝန်ကြီးချုပ်  ဦးမြတ် ကျော်နှင့်     တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီက ကွင်းဆင်း ကြည့်ရှုသည်။

 


ရှေးဦးစွာ    တိုင်းဒေသကြီး ဝန်ကြီးချုပ်က ချီပါမျိုးသန့်ခြံရှိ  တာဝန်ရှိသူများနှင့်   တွေ့ဆုံရာ ချီပါမျိုးသန့်              ခြံတာဝန်ခံ ဦးမင်းဆွေက  ချီပါမျိုးသန့်ခြံရှိ မျိုးသန့်စပါးစိုက်ပျိုး ထုတ်လုပ်မှု  များနှင့်   မျိုးဖြန့်ဖြူး ဆောင်ရွက် နေမှုများကို    ရှင်းလင်းတင်ပြ သည်။ ထို့နောက်  တိုင်းဒေသကြီး     စိုက်ပျိုးရေးဦးစီးမှူး  ဦးဝင်းလှိုင်ဦး က    ၂၀၂၀-၂၀၂၁   မိုးသီးနှံ၌ ချီပါမျိုးသန့်ခြံမှ      ပေါ်ဆန်းရင် မျိုးကောင်းမျိုးသန့် ဧက ၅၀ နှင့် ဧရာမင်း  မျိုးကောင်းမျိုးသန့် ဧက ၂၀  မျိုးသန့်ပွားများ  စိုက်ပျိုး ထုတ်လုပ်ခဲ့ပြီး    ရရှိလာသော မျိုးသန့်မျိုးပွားမျိုးစေ့ တင်းပေါင်း ၄၂၃၀  ကို      မျိုးဖြန့်ဖြူးနိုင်ခဲ့ ကြောင်း     ရှင်းလင်း‌    တင်ပြ သည်။

 


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်    ချီပါ မျိုးသန့်ခြံရှိ    မျိုးသန့်ပွားများ စိုက်ပျိုးလျက်ရှိသော စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုသည်။  ယခုနှစ်  မိုးစပါး ရာသီ၌ ရွှေဘိုမြို့နယ်တွင် သဖန်း ဆိပ်ဆည်ရေသောက်    ဧရိယာ  ဖြစ်သော SMC တူးမြောင်း၊ OMC တူးမြောင်းမှ လည်းကောင်း၊ ကံဖြူ ရေဟန့်ဆည်မှ   လည်းကောင်း၊ ကြိုးကြာဆည်၊  ကိုးပင်ဆည်နှင့်   အခြားဆည်များမှ လည်းကောင်း၊ စက်ရေတင်၊ မြေအောက်ရေနှင့်  မိုးကောင်းသောက်မှ     လည်း ကောင်း စိုက်ပျိုးရေများဖြင့် ဇူလိုင် လမှ    စတင်၍      ပျိုးထောင် စိုက်ပျိုးခဲ့ရာ    ရွှေဘိုပေါ်ဆန်း ၉၇၂၈၄ ဧက ၊ ဧရာမင်း ဧက ၃၁၈၀၊ မနော် ဟရီ ၁၂၉၉၆ ဧက၊ ရွှေသွယ် ရင် ၁၄၄၅ ဧက၊ ဆင်းသုခ ၁၈၇ ဧက   စိုက်ပျိုးနိုင်ခဲ့သည်။  ယင်း စိုက်ဧကထဲမှ   မျိုးသန့်မျိုးပွား မျိုးစေ့စိုက်ဧက ၁၀၄၀ ကို စိုက်ပျိုး နိုင်ခဲ့ကြောင်း  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူး  ဒေါ်ဇာဇာမင်း ထံမှ သိရသည်။


ခရိုင်(ပြန်/ဆက်)