ရွှေဘိုခရိုင်အတွင်းဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

 

စစ်ကိုင်းတိုင်း‌ဒေသကြီး    ရွှေဘိုခရိုင် အတွင်းရှိ မြို့နယ်များ၌ စက်တင်ဘာလ ပထမပတ်တွင် စပါး/ဆန် ဈေးနှုန်းများ တည်ငြိမ်နေသည်။ 


ရွှေဘိုခရိုင်မှအခြား တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဆန်စီး ထွက်မှုအနေဖြင့် သြဂုတ်လ နောက်ဆုံးပတ်တွင်  ရန်ကုန် သို့  အိတ်ရေ   ၁၁၀၀၀၊   မန္တလေးသို့ အိတ်ရေ  ၂၂၄၀၀၊   နေပြည်တော်သို့ အိတ်ရေ ၅၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၃၅၀၀၊ ရှမ်း (မြောက်)သို့ အိတ်ရေ ၃၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်းအိတ် ရေ ၄၆၀၀၀၊ တန်အားဖြင့် တန် ၂၃၀၀ စီးထွက်ခဲ့သည်။


စက်တင်ဘာလ   ပထမအပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၁၇၅၀၀၊ မန္တလေး သို့ အိတ်ရေ ၂၈၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၀၀၀၊   ရှမ်း (တောင်) သို့   အိတ်ရေ ၄၅၀၀၊  ရှမ်း (မြောက်)သို့ အိတ်ရေ ၄၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀ စုစုပေါင်းအိတ်ရေ ၆၁၅၀၀၊ တန်အားဖြင့် ၃၀၇၅  တန်   စီးထွက်ခဲ့ကြောင်း   သိရ သည်။


စက်တင်ဘာလ    ပထမပတ်တွင် ရွှေဘိုမြို့၌ ဖြစ်ပေါ်နေသော  စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ငွေကျပ် ၃၇၀၀၀၀၀၊ ရွှေဘို ပေါ်ဆန်း ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၂၅၀၀၀၊  ဧရာမင်းဆန် ၂၄ ပြည် ပါ တစ်အိတ်လျှင် ငွေကျပ် ၁၃၈၀၀၀၊  ရွှေဝါ ထွန်း (နွေစပါး) တင်း ၁၀၀ လျှင် ငွေကျပ် ၁၉၀၀၀၀၀ နှင့် ရွှေဝါထွန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၈၀၀၀၀   ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိ ရသည်။

DOCA(စစ်ကိုင်း)