
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (နောက်ဆုံးပတ်) တွင် စပါး/ဆန် ဈေးနှုန်းများ အနည်းငယ်မြင့်တက်နေကြောင်း၊ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုအနေ ဖြင့် ဇူလိုင်လ (တတိယပတ်) တွင် ရန်ကုန်သို့ အိတ်ရေ ၁၅၅၀၀၊ မန္တလေးသို့ အိတ်ရေ ၂၅၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း (တောင်) သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း (မြောက်) သို့ အိတ်ရေ ၄၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်း အိတ်ရေ ၅၆၅၀၀၊ တန်အားဖြင့် ၂၈၂၅ တန် စီးထွက်ခဲ့ကြောင်း၊ ယခုအပတ် ဆန်စီးထွက်မှုအနေ ဖြင့် ရန်ကုန်သို့ အိတ်ရေ ၁၄၀၀၀၊ မန္တလေးသို့ အိတ်ရေ ၂၇၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၀၀၀၊ ရှမ်း (မြောက်) သို့ အိတ်ရေ ၄၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်း အိတ်ရေ ၅၆၀၀၀၊ တန်အားဖြင့် ၂၈၀၀ တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၅၀၀၊ တန်အားဖြင့် ၂၅ တန် လျော့နည်း စီးထွက်ခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့၌ ဇူလိုင်လ (နောက် ဆုံးပတ်) တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ကျပ် ၃၀၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀၅၀၀၀၊ ဧရာမင်းစပါး တင်း ၁၀၀ လျှင် ကျပ် ၂၆၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ် လျှင် ကျပ် ၁၀၈၀၀၀ နှင့် ၂၀၂၂-၂၀၂၃ ခုနှစ် ရွှေဝါထွန်း (နွေစပါး) တင်း ၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။
DOCA (စစ်ကိုင်း)